ပို့ကုန်ရငွေပမာဏ၏ (၂၅) ရာခိုင်နှုန်းသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်

0
194

ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေမှ ယခင် ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း သို့ သာမြန်မာငွေ လဲလှယ်ရန်ဗဟိုဘဏ်မှပြင်ဆင်သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၄၉)၊ပုဒ်မ(ခ) အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်‌ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂) ပါသတ်မှတ်ညွှန်ချက်အတိုင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း(၆-၁၂-၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၂၃)ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန်ချက်အတိုင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်။

ဤအမိန့်ကြောငြာစာသည် ဩဂုတ်လ ၈ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။

ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာ ၅၅၈၀ ကျပ်သို့မြင့်တက်လာသည့်အတွက် လုပ်ငန်းရှင်များအဆင်မပြေကြောင်း၊ ယင်းကြောင့်လုပ်ငန်းရှင်များအဆင်ပြေစေရန် နှုန်းထားကို လျှော့ချပေးခြင်းဖြစ်သည်ဟု ယူဆရကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here