ဓနုဖြူမြို့နယ်၊ မြင်းစုကျေးရွာအနီးတွင် မြစ်ကျောက်တင်တွဲသင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွား

0
209

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်း ကျေးရွာအုပ်စု၊ မြင်းစုကျေးရွာအနီး မြစ်ထဲတွင် မြစ်ကျောက်တင် တွဲသင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယမန်နေ့ သြဂုတ် (၇)ရက်၊ ညနေ (၅)နာရီ (၅၅)မိနစ်အချိန်ခန့်က ရန်ကုန်မြို့မှ မြန်အောင်သို့ မောင်းနှင်လာသော မြစ်ကျောက်တင်တွဲသင်္ဘောမှာ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာအနီးသို့အရောက်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ကျောက်တင် တွဲသင်္ဘော မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁)နာရီ နီးပါးခန့် ငြှိမ်းသတ်ခဲ့ရပြီး ည (၆)နာရီ (၃၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် လူ/ တိစ္ဆာန် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိခဲ့ကြောင်း သိရပြီး မီးလောင်မှုအကြောင်းရင်းနှင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here