ပေါင်မြို့နယ်တွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ သိန်းသုံးထောင်ကျော် စတင်ထုတ်ချေးပေး

0
168

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူ ၃၀၀ နီးပါးအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ဩဂုတ် (၇)ရက်၊ နံနက်ပိုင်းမှ စတင်ထုတ်ချေးပေးနေကြောင်း ပေါင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

စိုက်ပျိုးငွေထုတ်ချေးမှုသည် ပေါင်မြို့နယ်အတွင်းမှ ရင်းငြိမ်တောင်ကျေးရွာ၊ ရွာတန်ရှည်ကျေးရွာနှင့် ကော့ထော်ကျေးရွာရှိ တောင်သူ (၂၉၆) ဦးတို့၏ စိုက်ဧက (၅၅၁၂) ဧကအတွက် ချေး‌ငွေ‌ကျပ် (၃၄၂၁.၅၀) သိန်းကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုးစရိတ်ချေးငွေ ချေးယူမည့်တောင်သူများအနေဖြင့် ပုံစံ(၇)မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသို့ အပ်နှံမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကာ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံမန်နေဂျာမှ ယခုနှစ် မိုးစပါးချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည်ပေးသွင်းရမည့် ကာလနှင့် အပြေအကြေ ပြန်လည်ပေးဆပ်ကြရေး ဆွေးနွေးပြောကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here