WFP က ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်အတွက် အရေးပေါ်ရေဘေး တုံ့ပြန်မှုလုပ်ငန်းများ စတင်

0
94

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ရေဘေးသင့်ပြည်သူ လူဦးရေ တစ်သိန်းကျော်ကို ကူညီဖို့ အရေးပေါ်ရေဘေး တုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို စတင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် အသက်ကယ်ဆယ်ရေးအထောက်အပံ့တွေကို ပေးလျက်ရှိကြောင်း ဆိုသည်။

“မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မလုံလောက်မှု အရေးပေါ် အခြေအနေရောက်နေတဲ့ အချိန်မှာမှ ရေဘေးကဖြစ်လာရပြန်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း (၁၃) သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလိုရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မုတ်သုံမိုး အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် မြစ်ချောင်းများတွင် ရေကြီးရေလျှံခြင်းများဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ရေဘေးဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေဖြင့် ရေဘေးသင့်ပြည်သူများထံသို့ အကူအညီများ ဆက်တိုက်ရောက်ရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here