စံချိန်တင် အပူချိန်ကြောင့် တရုတ်၌လူ‌ေ-သဆုံးကြောင်း ပထမဆုံးအကြိမ်သတင်း ထုတ်ပြန်

0
333

တရုတ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် ရှစ်ရက်မြောက်နေ့အဖြစ် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ဝန်းကျင်ရောက်ရှိနေခဲ့ပြီး ရှန်ကျန်းမြို့တွင် အပူဒဏ်ကြောင့် လူ နှစ်ဦး ထက်မနည်း‌ေ-သဆုံးခဲ့ကာ လူများစွာ နာမကျန်းဖြစ်ခဲ့ကြောင်း သိရသည်။

လာမည့် သုံးရက်အတွင်း ယန်စီမြစ် တောင်ပိုင်း ဒေသအများစုတွင် အပူချိန်သည် ၃၇ မှ ၃၉ ဒီဂရီဆဲစီးယပ်စ်သို့ ရောက်ရှိနိုင်ပြီး အန်ဟွေ၊ ကျန်စုနှင့် ရှီကျန်းပြည်နယ်များတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ကြာသပတေးနေ့တွင် ပြောဆိုသည်။

ခေတ်သစ်သမိုင်းတွင် အပူဆုံးလဖြစ်ခဲ့သော ဇူလိုင်လတွင် ပြင်းထန်သော အပူချိန်ကို ကြုံတွေခဲ့ရပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် လွန်ကဲသော အပူဒဏ်ကို ခံစားနေရပြီး အထူးသဖြင့် နိုင်ငံအရှေ့နှင့် တောင်ပိုင်းတို့တွင် ကြုံတွေ့ခဲ့သည်။ ရှီကျန်းပြည်နယ်၏ မြို့တော် ဟန်ကျိုးတွင် သြဂုတ် ၃ ရက်က သမိုင်းတလျှောက်အမြင့်ဆုံးအပူချိန် ၄၁.၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့သည်။

လူဦးရေ ၁၈ သန်းနေထိုင်ရာ ကွမ်တုံပြည်နယ် ရှန်ကျန်းမြို့ အရေးပေါ်ဋ္ဌာနက အပူဒဏ်ဆိုင်ရာ နာမကျန်းမှုများကြောင့် သြဂုတ် ၁ ရက်မှ ၆ ရက်အတွင်း အိမ်ထောင်စု ၈၈ ခုမှ အရေးပေါ်ဖုန်းခေါ်ဆိုမှုများလုပ်ခဲ့သည်ဟု ပြောဆိုသည်။

နောက်ပိုင်းတွင် အသက် ၅၀ ကျော်နှင့် ၆၀ ကျော်အရွယ် အမျိုးသားနှစ်ဦးမှာ အပူဒဏ်ဆိုင်ရာ ဝေဒနာများကြောင့် ‌ေ-သဆုံးမှုဖြစ်ခဲ့သည်ဟု ယင်းဋ္ဌာနက ဇူလိုင် ၇ ရက်ညပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ပြည်တွင်းမီဒီယာများက ဒေသဆိုင်ရာ အာဏာပိုင်များကို ကိုးကား၍ လူ‌ေ-သဆုံးမှု သတင်းများကို ရံဖန်ရံခါ ဖော်ပြလေ့ရှိသော်လည်း တရုတ်အစိုးရကမူ အပူဒဏ်ကြောင့်ဖြစ်သော လူ‌ေ-သဆုံးမှုအရေအတွက်ကို ထုတ်ပြန်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ၁၉၆၁ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး အပူလှိုင်းဒဏ်ကို ကြုံတွေ့ခဲ့ရပြီး နိုင်ငံ၏ ဒေသအများအပြားတွင် ဇွန်လ ၁၃ ရက်မှ သြဂုတ် ၃၀ ရက်အထိ ရက်ပေါင်း ၇၀ ရက်ကြာ အပူဒဏ်ခံစားခဲ့ရသည်။ တရားဝင် လူ‌ေ-သဆုံးမှု စာရင်းကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယင်းနှစ်တွင် သဘာဝဘေးအန္တရာယ်များကြောင့် လူ ၅၅၄ ဦး ‌ေ-သဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်ဟူ၍ တရုတ်နိုင်ငံ၏ အရေးပေါ် စီမံခန့်ခွဲရေး ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

Ref: အေးရှားဝမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here