ဘင်္ဂလားဒေ့ရှ်မှ ဟိန္ဒူဘာသာဝင် ရာပေါင်းများစွာ အိန္ဒိယဘက် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြ

0
224

ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်ခဲ့ရသော ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ လူနည်းစုအသိုက်အဝန်း၏ နေအိမ်များနှင့် လုပ်ငန်းများဖျက်ဆီးခံခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ် ရှိဟိန္ဒူဘာသာဝင် များသည် ရာနှင့်ချီ၍ ယခုသီတင်းပတ်အတွင်းက အိန္ဒိယဘက်ကို ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

ယခုသီတင်းပတ်အတွင်း နိုင်ငံ၏ ခရိုင် ၆၄ ခုအနက် ၄၅ ခုတွင် ဟိန္ဒူဘာသာဝင်များစွာ၏ နေအိမ်များ၊ လုပ်ငန်းများနှင့် ဘုရားကျောင်းများသည် ပစ်မှတ်ထားခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ညီညွတ်ရေးကောင်စီက ပြောဆိုသည်။ ထို့ပြင် ကျောင်းဆရာတစ်ဦး ‌ေ-သဆုံးခဲ့ပြီး အခြား ၄၅ ဦး လည်းဒဏ်ရာရရှိခဲ့သည်ဟုကောင်စီက ပြောသည်။

လူဦးရေ သန်း ၁၇၀ နေထိုင်ရာ မွတ်ဆလင်နိုင်ငံ ဖြစ်သောဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘာသာဝင် ၈ ရာခိုင်နှုန်းရှိပြီး အများစုသည် အစဉ်အလာအရ ဟာစီနာ၏ အဝါမီလိဂ်ပါတီကို ထောက်ခံကြသည်။

ကြီးမားသည့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဟာစီနာသည် တနင်္လာနေ့က နိုင်ငံမှ ထွက်ပြေးခဲ့ကာ အိန္ဒိယတွင် ခိုလှုံခဲ့သည်။ အိန္ဒိယနှင့် နယ်စပ်အနီးနေထိုင်သူ များစွာသည် နယ်စပ်ကိုဖြတ် ကျော်ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသော်လည်း နှစ်ဖက်စလုံး၏ တားမြစ်မှုကြုံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ပေါ်ပေါက်လာချိန်ကစ၍ နယ်စပ်တွင် ကင်းလှည့်စောင့်ကြပ်မှုများကို တိုး မြှင့်ခဲ့သည်ဟု နှစ်နိုင်ငံစလုံးက ပြောဆိုသည်။

၎င်းတို့၏ နေအိမ်များ တိုက်ခိုက် လုယက်ခံရပြီးနောက် လူဦးရေ ၇၀၀ မှ ၈၀၀ ကြားခန့်သည် ဗုဒ္ဓဟူးနေ့(သြဂုတ် ၇) ညနေပိုင်းက အိန္ဒိယဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း Thakurgaon ခရိုင်မှ ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦးက ပြောဆိုသည်။

ကြာသပတေးနေ့အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀ ခန့်သည် အိန္ဒိယ၏ Jalpaiguri ခရိုင်အနီး နယ်စပ်ဂိတ်တွင် စုဝေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူစုကွဲသွားသည်ဟု ဆိုသည်။ ထိုနေရာတွင် လူအုပ်စုတစ်ခုကို အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဝန်းရံပေးထားသည်ကို အိန္ဒိယမီဒီယာက ဖော်ပြခဲ့သည်။

ဟာစီနာ ထွက်ပြေးသွားပြီးနောက် ကြားဖြတ်အစိုးရအဖွဲ့ကို ဦးဆောင်ရန် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် နို့ဘဲလ်ဆုရင် မူဟာမက် ယူနွတ်စ်က လူနည်းစုများကို တိုက်ခိုက်ခြင်းများသည် ပူးပေါင်းကြံစည်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း ပြောဆိုသည်။ ထို ပူးပေါင်းကြံစည်မှု၏ နောက်ကွယ်တွင် မည်သူတွေ ပါဝင်သည်နည်းဆိုသည်ကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။

“ကျွနု်ပ်တို့ရဲ့ တာဝန်က အားလုံးကို အကာအကွယ်ပေးဖို့ပါ” ဟု ပဲရစ်မှ ဒါကာကို ဆိုက်ရောက်လာသည့် ယူနွတ်စ်က ပြောဆိုခဲ့သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here