ပဲခူးတိုင်းရှိ ရေကြီးနစ်မြုပ်လယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်နေ

0
174

ပဲခူးတိုင်းအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းကာ မြစ်ရေဝင်ရောက်မှုကြောင့် လယ်ယာမြေများလည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ရာ အဆိုပါ ပျက်စီးသွားသည့် လယ်မြေများကို ပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြီးနစ်မြုပ်ခဲ့ရသည့် လယ်ယာမြေများကို တစ်ကွက်ပေါ်တစ်ကွက်စိုက်စနစ်နဲ့ ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကာ စိုက်ပျိုးသီနှံအလိုက် ရေလွှမ်းဆဲဧက၊ ရေပြန်ပေါ်ဧက၊ ထိခိုက်ပျက်စီးခဲ့သည့် ဧကများကို စာရင်းပြုစုနေကြောင်းလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကပေါင်း ၄ သိန်း ၇ သောင်းကျော်ရှိသည့်အနက် သီးနှံပျက်စီးမှုက ဧက ၃ သောင်း ၉ ထောင်ကျော်နှင့် မိုးစပါးပျက်စီးမှု၂ သောင်း ၁ ထောင်ကျော်ခေန့် ထိခိုက်ပျက်စီးခဲ့ရကြောငိး သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here