ဂျယ်လီအဖွဲ့ဝင် တေးသံရှင်အလှမယ် ဆုပွင့်ဦး အနုပညာလှုပ်ရှားမှုများနှင့် ဝေးကွာခဲ့တဲ့အကြောင်း

0
286

အနုပညာလောကနှင့်ကာလ အတော်ကြာ ကင်းကွာခဲ့သည့်Face Shop 2013ဆုရရှိဖူးသူ ဆုပွင့်ဦးက ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့၌ကျင်းပမည့်Miss Global 2016  ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ဂျယ်လီအဖွဲ့ဝင် တေးသံရှင်တစ်ဦးလည်းဖြစ်သည့် အလှမယ် ဆုပွင့်ဦးဧ။် အနုပညာ လှုပ်ရှားမှုများနှ င့် ဝေးကွာခဲ့သော အကြောင်းများ၊ ယခုလ အတွင်းပြုလုပ်တော့မည့်MissGlobal 2016ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှု များနှင့်ပတ်သက် ၍ တွေ့ဆုံ မေးမြန်းဖော်ပြလိုက် ပါသည်။

k

Face Shop 2013 ၃ မှာ ဆုရဖူးတဲ့ ညီိမအနေနဲ့ အနုပညာလှုပ်ရှားမှု တွေနဲ့ဝေးနေသလိုပဲနော်။

ဟုတ်တယ် အရင်ကFace Shop 2013 ပြိုင်ပွဲတုန်းက မြန်မာ ပြည်မှာဆုရပြီးတော့ ကိုရီးယား မှာ ဆုသွားယူရတယ်။ အဲဒီပြိုင်ပွဲ ကနေပြီး ညီမ ဂျီဟိုနှင့်တွဲပြီးတော့ ကြော်ငြာ ရိုက်ကူးခဲ့ဖူးတယ်။ နောက်ပိုင်းအနုပညာအလုပ် သိပ် မလှုပ်ရှားဖြစ်တော့ဘူး။ ညီမရုပ်က ကိုရီးယားနဲ့ဆင်တော့ အားလုံးက ကိုရီးယားပဲ ထင်ကြတယ်။ အရင် ကဂျယ်လီ အဖွဲ့ အနေနဲ့ သီချင်းတွေ ဆိုခဲ့ဖူးပါတယ်။ သတိမထားမိကြ တာက ခဏလုပ်ပြီး ညီမနိုင်ငံခြား ကို ကျောင်းသွားတက်တယ်။ အခုMiss Global 2016 ကတော့ ညီမ အနု ပညာ လောကထဲကို တတိယ အကြိမ် ပြန်ဝင်လာတာပါ။ ဒီတစ် ခါပြီးရင်တော့ ညီမအနုပညာကို ဇောက်ချ လုပ်သွားမှာပါ။

အတွေ့အကြုံလည်း ရှိဖူးတယ်ဆို တော့ ပြိုင်ပွဲအတွက်  ကြိုတင်ပြင် ဆင်မှုအပိုင်းမှာ ဘယ်လိုအခြေ အနေရှိပါသလဲ။

အတွေ့အကြုံ ရှိဖူးပေမယ့် လုံးဝကို မတူတာ။ အရင်တစ်ခါက မြန်မာပြည်မှာဆုရပြီး ကိုးရီးယား မှာ ဆုသွားယူရုံပဲ။ အေးအေးဆေး ဆေးပဲပေါ့။ ဘာမှထွေထွေ ထူးထူး ပြင်ဆင် စရာတော့ မလိုဘူး။ ဒါပေမယ့် ပထမ ဆုံး အ တွေ့အ ကြုံ အ နေနဲ့ တော့ရင်ခုန်ခဲ့တယ်။ ဒီတစ်ခါပြိုင်ပွဲကျ တော့ဆန့်ကျင်ဘက် ကိုယ့်နိုင်ငံ မှာ ဆုရပြီးနောက် သူများနိုင်ငံမှာ သွားပြိုင်ရမှာဆိုတော့ တော်တော် ကိုကွာသွားတယ်။ရင်ခုန်ရုံမကဘူး၊ တွေးလိုက်တာနဲ့ ရင်ပါတုန် တယ်။ ဒါပေမယ့် ညီမကို အားပေးမယ့် မြန်မာပရိသတ်ေ တွရှိနေမယ် ဆိုတာ ယုံကြည်တယ်။အဲဒီယုံကြည် မှုတစ်ခုနဲ့ပဲ အားရှိလာတယ်။ ညီမ ဘက်ကလည်း တော်တော်ကို ကြိုးစားရမယ့်အနေအထားပါ။ ညီမဘက်က အစွမ်းကုန် ကြိုးစား ပါတယ်။ အကောင်းဆုံး ဖြစ် အောင်တော့ ပြင်ဆင်ထားပါ တယ်။ အဝတ်အစားကတော့ သူတို့သတ်မှတ်ထားတဲ့အတိုင်း ညနေခင်းဝတ်စုံကို  ရှီလာနဲ့သေချာ တိုင်ပင်ပြီးတော့ လုပ်ပါ တယ်။ အစကတည်းက ဒီခန္ဓာကိုယ် အပိုင်းမှာညီမက သေချာထိန်း သိမ်းထားတော့ သိပ်တော့ပြင်း ပြင်းထန်ထန် မလုပ်ရပါဘူး။ အခု ဆရာ နဲ့တော့သေချာဆော့ ပါတယ်။ Gym ကတော့မသွားခင်ထိ ဆော့ နေမှာပဲ။

ညီမကTalent မှာ ခေတ်ပေါ် အကနဲ့အဆိုကို လေ့ကျင့်ထား တယ်ကြားတယ်။ အဲဒါက ရိုးတယ် လို့ မခံစားမိဘူးလား။

အစကတော့ညီမ တကယ် ဝါသနာပါပြီး တကယ်လုပ်နိုင်တဲ့ အဆိုနဲ့အကနဲ့ လုပ်သွားဖို့စိတ်ကူး ထားတာပေါ့နော်။ ပြန်စဉ်းစား လိုက်တယ် ငါသွားပြိုင် မှာက နိုင်ငံ ပေါင်ြးေ ခာက်ဆယ်ကျော်။တစ်ကယ်လုပ်သင့်တာ ခေတ်ပေါ် မဟုတ်ဘူး။  မြန်မာ့ရိုးရာစစ်စစ်ကို ငါလုပ်ရမယ်၊ အဲဒီလိုတွေးပြီး ညီမ ဦးတည်ချက် ကိုပြောင်း လိုက်တယ်။ ခေတ်ပေါ် အကကို မကတော့ဘူး။ ပုပ္ပားတောင်အကကို ရွေးလိုက် တယ်။ မခိုင်သင်းကြည်၊ မမိုးယုစံ တို့ကို သင်ပေးတဲ့ဆရာ ကိုထက်ကို ဆီမှာသွား သင်တယ် ။ ခြောက်လပိုင်းကနေ စသ င်တယ်။ အခုတော် တော်ကို ကတတ်ပါပြီ။ မြန်မာအကနဲ့စိမ်းတယ်ဆိုပေမယ့် စိတ်ဝင်စားတယ်လေ။ အဲဒီအကမှာ ဝတ်မယ့်ဝတ်စုံကတော့ပန်း ဆီရောင် ဆိုပေမယ့် အနီဘက် ပိုသန်းတယ်။

အရင်ကပြောဖူးတယ်။ အနုပညာ လုပ်တာ အဖေက မကြိုက်ဘူး။ အခုဒီပြိုင်ပွဲက အဖေ့ခွင့်ပြုချက်ရ လို့လား။

ပုံမှန်အနေအထားဆို အနုပညာလုပ်တာ အဖေကအားမပေး ဘူး။ အခုပြိုင်ပွဲဝင်ပြိုင်တော့ ဆုရ တော့အဖေက ညီမကို ပိုပြီး ယုံကြည်လာတယ်။

ပြိုင်ပွဲကပြန်လာရင်ရော အနုပညာ လုပ်ဖို့ အဖေ့ဆီက ခွင့်ပြုချက် ရပြီလား။

 ပြောတော့ မပြောသေးဘူး။ ဒါပေမယ့် ညီမ ဒီအနုပညာ လောကနဲ့ ကင်းကွာသွားတာ ဆယ်နှစ်ရှိပြီ။ ဒီပွဲပြီးရင် ဝါသနာ ပါတဲ့ သီချင်းဘက်ကိုပဲ ဇောက်ချ လုပ်ဖြစ်သွားမှာပါ။ အခု အတွေ့ အကြုံလည်း ရင့်ကျက်လာပြီဆို တော့ဆယ်နှစ်ရှိပြီ။ ဒီကြားထဲ ပွဲတွေမှာ တစ်ခါတလေတော့ဆို ဖြစ်တယ်။ သီချင်းကဆိုထားတာ ရှိတယ်၊ အခွေထုတ်ဖို့ထိတော့ မလုပ်ရသေးဘူး။ အခုကပြိုင်ပွဲကို ပဲ ဦးစားပေးဖြစ်တယ်။

ဓာတ်ပုံ – Aung Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here