စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီး ကုန်စည်များအတွက် FX Trading Platform မှတဆင့် နိုင်ငံခြားငွေများရောင်းချပေးမည်

0
443

လာမည့်ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီ၊ စားသုံးဆီနှင့် အခြားအရေးကြီးကုန်စည်များအတွက် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၆) သန်း၊တရုတ်ယွမ် (၅) သန်းနှင့် ထိုင်းဘတ် (၁၀) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတဆင့် အမေရိကန်ဒေါ်လာ (၅) သန်း နှင့် တရုတ်ယွမ် (၅) သန်း ရောင်းချပေးထားသည်။

ထို့ပြင် ဩဂုတ်လ (၁) ရက်တွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက် စပ်သောပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီများနှင့် ဓာတ်မြေဩဇာတင်သွင်းသည့် ကုမ္ပဏီများသို့ Fx Trading Platf orm မှတဆင့် ထိုင်းဘတ် (၆၉) သန်းနှင့် တရုတ်ယွမ် (၉) သန်းတို့အား ရောင်းချပေးထားသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး အဆမတန် မြင့်တက်နေချိန်တွင် ဗဟိုဘဏ်မှ ဈေးကွက်အတွင်း နိုင်ငံခြားငွေများ ထုတ်ရောင်းပေးနေပြီး ထိုကဲ့သို့ ရောင်းချပေးချိန်တွင်သာ ဒေါ်လာဈေးတည်ငြိမ်မှုနှင့် ကျဆင်းမှုများရှိခဲ့သော်လည်း မရောင်းချပေးသည့် ကာလတွင် ဈေးမြင့်တတ်မှုများ ဖြစ်မြဲဖြစ်‌နေသည်ကို တွေ့ရကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here