ရန်ကုန်ဈေးကွက်သို့ ငါးမြစ်ချင်းငါး ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

0
174

ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုများပြားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ပြီးခဲ့သည့် ဇူလိုင်အတွင်း ငါးမြစ်ချင်းပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ငါးမြစ်ချင်းငါးပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ (၁)ရက်မှ (၃၁) ရက်အထိ ငါးမြစ်ချင်းငါးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများကို အဆက်မပြတ်တင်ပို့ရောင်းချနေရကြောင်း၊ ပန်းတနော်မြို့နယ်မှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ငါးမြစ်ချင်းငါးများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်မှ ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူပြီး စနစ်တကျ စစ်ဆေးသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ ကုန်တင်ယာဉ်များ အသုံးပြုပြီး အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်ဈေးကွက်အတွင်း တင်ပို့ရောင်းချနေသည့် ငါးမြစ်ချင်း ပိဿာချိန် (၁၀)ပိဿာလျှင် ငွေကျပ် (၉၅၀၀၀) ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here