ဝန်ကြီးချုပ်ဟောင်းကို တရားဥပဒေအရ ရင်ဆိုင်စေလို–ကျောင်းသားခေါင်းဆောင်

0
309

ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာချိန်တွင် ရှိတ်ဟာစီနာ မိမိနိုင်ငံသို့ ပြန်လာလိမ့်မည်—ရှိတ်ဟာစီနာ၏သား

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ သက်တော်ရှည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ယခုသီတင်းပတ်က သူ၏ အစိုးရအိမ်တော်ကို ဆန္ဒပြသူများ ဝင်ရောက်စီးနင်းခဲ့မှုကြောင့် ထွက်ပြေးခဲ့ရရာ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စာတင်ရန်အချိန်မရှိခဲ့ပါဟု သားဖြစ်သူအကြံပေးအရာရှိ က သြဂုတ် ၁၀ ရက်မနက်ပိုင်းတွင် ရိုက်တာကို ပြောကြားခဲ့ကြောင်း သိရသည်။

ရှိတ်ဟာစီနာသည် ကျောင်းသားများစွာပါဝင်သည့် လူ ၃၀၀ ခန့် ‌ေ-သဆုံးခဲ့သော အုံကြွမှုများကြောင့် တနင်္လာနေ့တွင် တိုင်းပြည်မှ ထွက်ပြေးကာ အိန္ဒိယနိုင်ငံတွင် ခိုလှုံခဲ့ရပြီး သူ၏ ၁၅ နှစ်ဆက်တိုက် အာဏာချုပ်ကိုင်ထားမှုသည် အဆုံးသတ်ခဲ့သည်။

“ကျွန်တော့်အမေက တရားဝင် နုတ်ထွက်တာမျိုး မလုပ်ခဲ့ပါဘူး။ သူ့အတွက် အချိန်မရခဲ့ဘူးလေ” ဟု ဝါရှင်တန်ရှိ ဟာစီနာ၏ သား ဆာဂျစ် ဝါဇက်က ရိုက်တာကို ပြောဆိုခဲ့သည်။

သူ့အနေဖြင့် ကြေညာချက်ထုတ်ရန်နှင့် နုတ်ထွက်စာတင်ရန် စီစဉ်ခဲ့ကြောင်း ၊သို့ရာတွင် ဆန္ဒပြသူများက ဝန်ကြီးချုပ်အိမ်တော်ကို စတင်ချီတက်လာခဲ့ကြသည့်အတွက် အချိန်မရခဲ့ကြောင်းနှင့် မိခင်သည် ထုပ်ပိုးချိန်ပင်မရခဲ့ကြောင်း ၎င်းက ပြောကာ “ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်နေဆဲပါ” ဟု ဆိုသည်။

ထို့အပြင် သမ္မတသည် ဝန်ကြီးချုပ်က အမှန်တကယ် တရားဝင်နုတ်ထွက်ခြင်း မရှိဘဲ စစ်ခေါင်းဆောင်များ၊ အတိုက်အခံနိုင်ငံရေးသမားများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းကာ အိမ်စောင့်အစိုးရကို ဖွဲ့ခဲ့မှုကို တရားရုံးတွင် ကန့်ကွက်နိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟာစီနာကို ဖြုတ်ချရာတွင် အဓိကကျသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော၊ လက်ရှိ အိမ်စောင့်အစိုးရ အဖွဲ့တစ်ဦးလည်းဖြစ်သော ကျောင်းသားခေါင်းဆောင်တစ်ဦးက တိုင်းပြည်သို့ သူ ပြန်လာချိန်တွင် မကြာခင်က ဆန္ဒပြဖြစ်စဉ်များအတွင်း အပါအဝင် သူ့ လက်ထက် က သ–တ်ဖြ–တ်မှုများအတွက် ဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“သူ ဘာကြောင့် တိုင်းပြည်က ထွက်ပြေးသလဲ ကျွန်တော်သိချင်ပါတယ်” ဟု အိမ်စောင့်အစိုးရဝန်ကြီးတစ်ဦးဖြစ်လာသည့် ကျောင်းသားခေါင်းဆောင် နာဟစ် အစ္စလမ်က ပြောဆိုသည်။ သူ့ လက်ထက် ဖြစ်ပွားခဲ့သော သ–တ်ဖြ–တ်မှုအားလုံးအတွက် တရားမျှတမှုရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းမှာ မိမိတို့ တော်လှန်ရေး၏ အဓိကတောင်းဆိုချက်များမှ တစ်ခုဖြစ်ကြောင်းနှင့် သူက တိုင်းပြည်သို့ ပြန်မလာခဲ့လျှင်ပင် ယင်းကိစ္စကို မိမိတို့ ဆက်လုပ်သွားမည်ဟု ပြောဆိုခဲ့သည်။

သူ့ကို ဖမ်းဆီးရမိလိုပြီး ပုံမှန် တရားရေးစနစ်အရသွားမည်လား သို့မဟုတ် အထူးခုံးရုံးဖွဲ့မည်လား ဟူသော ကိစ္စကို ဆွေးနွေးနေသည်ဟုလည်း ယခုအခါ စာတိုက်၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် သတင်းနည်းပညာဝန်ကြီးဋ္ဌာနများကို ဦးဆောင်နေသည့် အသက် ၂၆ နှစ်အရွယ် အစ္စလမ်က ပြောဆိုခဲ့သည်။

ဟာစီနာ၏ သားဖြစ်သူ ဆာဂျစ် ဝါဇက်ကမူ နိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပမည့်ရက်ကို ထုတ်ဖော်ကြေညာချိန်တွင် မိခင်ဖြစ်သူ သည် အိန္ဒိယမှ မိမိနိုင်ငံသို့ ပြန်လာလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ အိမ်စောင့်အစိုးရသည် ရွေးကောက်ပွဲကို သုံးလအတွင်း ကျင်းပပေးသင့်ကြောင်း အဓိကအတိုက်အခံပါတီက တောင်းဆိုထားသည်ဟု သိရသည်။

Ref: livemint, Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here