ပါရီအိုလံပစ် ပွဲတော်တွင် အိမ်ရှင် ပြင်သစ်အသင်းကို စပိန်အသင်း အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူး

0
135

ယခုနှစ် ပါရီအိုလံပစ် ပွဲတော်တွင် အိမ်ရှင် ပြင်သစ်အသင်းကို စပိန်အသင်းက (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ ဩဂုတ်(၉)ရက်က ပါရီအိုလံပစ် နောက်ဆုံးဗိုလ်လုပွဲစဉ်အား အိမ်ရှင်ယူ-၂၃ ပြင်သစ်အသင်းနှင့် စပိန် ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး၊ အချိန်ပို မိနစ်(၃၀)အတွင်း စပိန်အသင်းက (၂)ဂိုးထပ်မံ သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ပွဲချိန် မိနစ်(၉၀)အတွင်း နှစ်ဘက်အ
သင်း(၃)ဂိုးစီဖြင့် သရေရလဒ်ဖြစ်ပေါ်နေခြင်းကြောင့် အချိန်မိနစ်(၃၀) ဆက်လက် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်လုပွဲ၏ ပထမပိုင်းပွဲချိန် (၁၁) မိနစ်တွင် ပြင်သစ်အသင်းမှ Enzo Millot က အဖွင့်ဂိုး(၁)သွင်းယူခဲ့ပြီး၊ ပွဲချိန်(၁၈)မိနစ်နှင့် (၂၅)မိနစ်တို့တွင် စပိန်အသင်းက နှစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။

ယင်းနောက် ပွဲချိန်(၂၈) မိနစ်တွင် စပိန်အသင်းမှ ပယ်နယ်တီဧရီယာအပြင်မှ ပြစ်ဒဏ်ဘော ရရှိခဲ့ပြီး Alex Baena က တိုက်ရိုက်ကန်သွင်းခဲ့ရာ (၁)ဂိုးထပ်မံရရှိပြီး ပထမပိုင်းပွဲချိန်တွင် စပိန်အသင်းက(၃)ဂိုး(၁)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပွဲချိန်တွင် ပြင်သစ်အသင်းမှ ပွဲချိန်(၇၉) မိနစ်တွင် Maghnes Akliouche က (၁)ဂိုး၊ ပွဲချိန်မိနစ် (၉၃) တွင် Jean- Philippe Mateta က ပလန်တီတစ်ဂိုး ရရှိသွားခဲ့ရာ တစ်ဖက်(၃)ဂိုးစီဖြင့် သရေကျရလဒ်ထွက်ပေါ်ခဲ့ကြသည်။

ထို့ကြောင့် အနိုင်အရှုံးအတွက် အချိန်ပို
မိနစ် (၃၀) ဆက်ကစားရာ စပိန်အသင်းမှ Sergio Camello က (၂)ဂိုးဆက်တိုက်သွင်းယူခဲ့ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ပါရီသစ်အိုလံပစ် ဗိုလ်လုပွဲအတွင်း စပိန်အသင်းက ပထမ၊ ပြင်သစ်အသင်းက ဒုတိယနှင့် မော်ရိုကိုအသင်းက တတိယဆုများ အသီးသီး ဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။

မော်ရိုကိုအသင်းသည် အီဂျစ်အသင်းအား (၆) ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့် တတိယဆုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here