မြန်မာ လုပ်ငန်းရှင်များကို ဖိတ်ကြားနေသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင် ကုန်စည်ပြပွဲ

0
324

အောက်တိုဘာလတွင် ကျင်းပမည့်၂၀၂၄ ခုနှစ် ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားထားကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

သီရိလင်္ကာနိုင်ငံ၊ Chamber of Tourism and Industry Sri Lanka နှင့် Ras AI Khaimah Chamber of Commerce and Industry တို့ ပူးပေါင်း၍ အာရပ်စော်ဘွားများပြည်ထောင်စု Ras AI Khaimah မြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်မှ (၁၃) ရက်အထိ ကမ္ဘာ့အစိမ်းရောင် ကုန်စည်ပြပွဲ (Green Global Trade Fair 2024) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ဘဏ်လုပ်ငန်းဆိုင်ရာနည်းပညာ (FinTech)၊ Blockchain နည်းပညာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများကို ပြသသွားမည်ဖြစ်ပြီး လုပ်ငန်းပေါင်း (၂၃၀) ကျော် ပါဝင်ပြသမည်ဖြစ်ရာ ပြပွဲသို့တစ်ရက်လျှင် လူဦးရေ (၁၀,၀၀၀) ကျော် လာရောက်ကြည့်ရှုရန် မျှော်မှန်းထားကြောင်း သိရသည်။

ယင်းကုန်စည်ပြပွဲသို့ တက်ရောက်ခြင်းဖြင့် နိုင်ငံတကာအတွေ့အကြုံ၊ နိုင်ငံတကာအဆက်အသွယ်များရရှိပြီး တက်ရောက်လာသည့်ခေါင်းဆောင်များနှင့် တီထွင်သူများ တွေ့ဆုံဆွေးနွေး၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အပြင် ဈေးကွက်အမြင်နှင့် စီးပွားရေး ချဲ့ထွင်နိုင်မည့်အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာ့အစိမ်းရောင်ကုန်စည်ပြပွဲ (Green Global Trade Fair 2024) နှင့်ပတ်သက်၍ အချက်အလက်များ သိရှိလိုပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here