မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သားကနီဂရိုး ထိုင်းဖိုက်တာကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိ

0
94

ယမန်နေ့ ဩဂုတ်(၁၀)ရက်၊ ညနေပိုင်းက ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ မွေထိုင်းထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်‌သော RWS 24 ပွဲစဉ်အတွင်း မြန်မာပြည်ဖွား မွန်လူမျိုး ဆောက်လုပ်ရေးလုပ်သား နီဂရိုး က မွေထိုင်းဖိုက်တာကို ပထမအချီ၌ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။

အသက် (၃၂)အရွယ် နီဂရိုး၏ ပွဲထွက်လာသည့် ဆောက်လုပ်ရေးလုပ်သား ဝတ်စုံကြောင့်လည်း ထိုင်းမီဒီယာနှင့် ပရိတ်သတ်တို့အကြား ရေပန်းစားလာခဲ့သူတစ်ဦးဖြစ်သည်။

ပွဲစဉ်အပြီး နီဂရိုး(ခ) စမီခေါင် အား ထွန်းမင်းနိုင်၏ မိတ်ဆက်ပေးမှုဖြင့် ၎င်းလေ့ကျင့်ကစား‌နေသည့် လွခ်ဆွမ်းကလပ်တွင် နောက်ပွဲများ ဆက်လက်ကစားနိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းသည် ယခု လဆန်းပိုင်းအတွင်းအပျော်တမ်းဘောက်စင်ပြိုင်ပွဲတစ်ခုတွင်လည်း ပြိုင်ဘက်ဖြစ်ကို အလဲထိုးပြီး ဆုရရှိခဲ့သည်မှစ၍ လူအများ သတိထားမိလာခဲ့ခြင်းလည်းဖြစ်သည်။

၎င်း၏ ပွဲဦးထွက် ပွဲစဉ်တွင် အလဲထိုးအနိုင်ယူပြခဲ့သည့် နိဂရိုးအား ONE ၏ စင်မြင့်တွင် မြင်ချင်ကြသည်ဟု ထိုင်း-မြန်မာ ပရိတ်သတ်အကြား တောင်းဆိုမှုများလည်း ရှိနေသည်။

ထိုင်းနိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်းတစ်ဘက်ဖြင့် ဝါသနာပါရာ လက်ဝှေ့ထိုးသူနှစ်ဦးအနက် ထွန်းမင်းနိုင်မှာ ပလာတာရောင်းသူအဖြစ် ပွဲထွက်လာခဲ့သလို၊ နီဂရိုးမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရင်း ကြိုးဝိုင်းပေါ်သို့ ဆောက်လုပ်ရေး ဝတ်စုံဖြင့် အရောက်လှမ်းနိုင်ခဲ့ကြသူများဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here