နေပြည်တော်တွင် မိသားစု(၃)ဦး အသ-တ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွား

0
256

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊မြတ်လေးလမ်းနှင့် လားရှိုး (၅) လမ်းထောင့် အိမ်နံပတ် (၅၉၅၈) တွင် မိသားစုသုံးဦးအသ -တ်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ (၁၀)ရက်တွင် အဆိုပါအိမ်မှ အနံ့အသက်မကောင်းခြင်းကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများမှ သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားခဲ့ရာမှ ဖြစ်စဉ်ကို သိရှိခဲ့ရခြင်းဖြစ်သည်။

သက်ဆိုင်ရာမှ နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ပိုင်ရှင် (၄၉)နှစ်အရွယ် အမျိုးသားသည် နေအိမ် မီးဖိုချောင်အတွင်း ဝဲရင်ဘတ် ထိုးသွင်းဒဏ်ရာ (၂) ချက်၊ အသက် (၄၈) နှစ်အရွယ် ဇနီးဖြစ်သူသည် ရေချိုးခန်းအိမ်သာအတွင်း ဝဲဘက်ဒူးအပေါ် ဓားဝင်ဒဏ်ရာ (၁) ချက်၊ ဝဲပေါင်ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ယာဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ရင်ဘတ် ထိုးသွင်းဒဏ်ရာ (၁) ချက်၊ အသက် (၂၉) နှစ်အ ရွယ် သားဖြစ်သူသည် နေအိမ်အခန်းအတွင်း ကုတင်ပေါ် ၌ နောက်ကျောယာဘက် ထိုးသွင်းဒဏ်ရာ (၃) ချက်တို့ဖြင့် အသီးသီး ‌ေ-သဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

လက်ရှိတွင် ‌ေ-သဆုံးသူမိသားစု ပိုင်ဆိုင်သည့် YGN -36/ 5E-9185 Ractis အမျိုးအစား ခဲရောင် မော်တော်ယာဉ် (၁) စီး၊ ‌ေ-သဆုံးသူများ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း (၃) လုံးတို့လည်း ပျောက်ဆုံးနေကြောင်း သိထားရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရုပ်အလောင်းများကို သက်ဆိုင်ရာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ ကျူးလွန်သူများကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းမိနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here