ရုရှားပိုင်နက်အတွင်း ယူကရိန်းတပ်များ ထိုးစစ်ဆင်နေခြင်းကို ဇလန်စကီး ဝန်ခံ

0
190

ရုရှားနိုင်ငံ ကာ့စ်ဒေသတွင် ယူကရိန်းတပ်များက လျှပ်တပြက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကို ယူကရိန်းသမ္မတ ဇလန်စကီးက စနေနေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံသည်။ နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာ ပို့ဆောင်ရန် အာဏာပိုင်းများက အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

မော်စကို၏ တပ်များသည် စစ်ပွဲစခဲ့ပြီးနောက်ပိုင်း ရုရှားနယ်မြေအတွင်း အကြီးမားဆုံး ဝင်ရောက်တိုက်ခိုက်လာသော ကိဗ်တပ်များနှင့် ခြောက်ရက်မြောက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရုရှားအနောက်တောင်ပိုင်း ေဒသများသည် စစ်ကူများ မရောက်လာမချင်း အင်အားချည့်နဲ့ေနခဲ့သည်။

လတ်တလောအခြေအနေများကြောင့် ရုရှားသည် စနေနေ့တွင် ၎င်း၏ နယ်စပ်ဒေသသုံးခုကို လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချသကဲ့သို့ မော်စကို၏ မဟာမိတ် ဘီလာရုစ်ကလည်း ယူကရိန်းဒရုန်းများ ဝေဟင်ပိုင်နက်ချိုးဖောက်ခဲ့သည်ဆိုကာ နှစ်နိုင်ငံနယ်စပ်သို့ တပ်များ ကို ထပ်တိုး၍ စေလွှတ်ခဲ့သည်။

စစ်ဆင်ရေးနှင့် ပတ်သက်၍ ယူကရိန်း ထိပ်တန်းတပ်မှူး အိုလက်ခ်ဆန်ဒါ ဆိုင်ရာစကီးနှင့် ဆွေးနွေးခဲ့သည်ဟု ညစဉ်ဗီဒီယိုမိန့်ခွန်းတွင် ဇလန်စကီးက ပြောဆိုခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် အိမ်နီးချင်းနိုင်ငံကို ရုရှားက အလုံးစုံကျူးကျော်ခဲ့ပြီးနောက်ပိုင်း တရားမျှတမှု ပြန်ရစေမည်ဟု ကတိပြုခဲ့သည်။

ကျူးကျော်သူ၏ ပိုင်နက်မြေပေါ်သို့ စစ်ပွဲရောက်ရှိသွားရေး မိမိတို့၏ လုပ်ဆောင်ချက်များ၊ ရှေးတန်းစစ်မျက်နှာ အခြေအနေများနှင့် ပတ်သက်၍ စစ်ဦးစီးချုပ် ဆိုင်ရာစကီးထံမှ အစီရင်ခံချက်များစွာ လက်ခံရရှိခဲ့သည်ဟု ဇလန်စကီးက ပြောဆိုသွားသည်။

ကာ့စ်ဒေသဝေဟင်တွင် ယူကရိန်းဒရုန်း ၁၄ စင်းနှင့် နည်းဗျူဟာမြောက် Tochka-U ပဲ့ထိန်းဒုံးကျည်လေးစင်းကို ညတွင်းချင်း ဖျက်ဆီးပစ်နိုင်ခဲ့သလို ယူကရိန်း၏ မကြာခဏ တိုက်ခိုက်မှုခံနေရသော အခြားဒေသများတွင် ဒရုန်း ၁၈ စင်းကို ဖျက်ဆီးပစ်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့(သြဂုတ် ၁၁) တွင် ပြောဆိုခဲ့သည်။

Ref: TH


LEAVE A REPLY

Please enter your comment!
Please enter your name here