အစ္စရေးကို တိုက်ရန် အီရန်ဆုံးဖြတ်ပြီးပြီဟု အစ္စရေးထောက်လှမ်းရေး ယုံကြည်

0
220

အီရန်သည် အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်းနှင့် မကြာခင်ရက်ပိုင်းအတွင်း တိုက်ခိုက်နိုင်ကြောင်း အစ္စရေးထောက်လှမ်းရေးက ယူဆထားသည်ဟု သတင်းရင်းမြစ်နှစ်ခုကို ကိုးကား၍ Axios သတင်းထောက် ဘာရက် ရာဇစ်က သြဂုတ် ၁၁ တွင် ပြောဆိုခဲ့သည်။  

ယင်းတိုက်ခိုက်မှုသည် ဇူလိုင်လအတွင်းက တေရန်တွင် ဟားမတ်စ်ခေါင်းဆောင် အီစမိုင် ဟာနီယက် သ–တ်ဖြ–တ်ခံခဲ့ရမှုအတွက် လက်တုန့်ပြန်မှုဖြစ်မည်ဟုလည်း ရာဇစ်က ဆက်လက်ပြောဆိုသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် စကားပြောခဲ့ရာတွင် အီရန်၏ စစ်ရေးပြင်ဆင်မှုများနှင့်ပတ်သက်၍ သုံးသပ်ပြောကြားခဲ့သည်ဟု ဆိုသည်။ အစ္စရေးအပေါ် ကြီးမားစွာတိုက်ခိုက်ရန် အီရန်က အသင့်ဖြစ်နေကြောင်း ရာဇစ်က X ပေါ်တွင် ပြောဆိုခဲ့သည်။

ဇူလိုင်လအနှောင်းပိုင်က ဘေရွတ်တွင် ထိပ်တန်း ဟစ်ဇ်ဘိုလာတပ်မှူး ဖူအတ်ရှုကာ၊ တေရန်တွင် ဟားမတ်စ်ခေါင်းဆောင် အီစမိုင် ဟာနီယက်တို့ လုပ်ကြံသ–တ်ဖြ–တ်ခံလိုက်ရချိန်မှစ၍ အရှေ့အလယ်ပိုင်းဒေသတွင် သတိပေးတပ်လှန့်မှု မြှင့်ထားရသည်။ အီရန်နှင့် လက်ဘနွန်ဟစ်ဇ်ဘိုလာအပါအဝင် ၎င်း၏ ဒေသတွင်း လက်ဝေခံများက ယင်းတိုက်ခိုက်မှုများအတွက် အစ္စရေးကို အပြစ်တင်ခဲ့ကာ လက်တုန့်ပြန်သွားမည်ဟု ဆုံးဖြတ်ထားသည်။

အစ္စရေးဘက်ကမူ ရှုကာ သ–တ်ဖြ–တ်မှုအတွက် တာဝန်ရှိကြောင်း အတည်ပြုသော်လည်း ဟာနီယက် သ–တ်ဖြ–တ်ခံရမှုနှင့် ပတ်သက်၍ ဝန်ခံထားခြင်း မရှိသေးပေ။

Ref: NDTV, Alarabiya


LEAVE A REPLY

Please enter your comment!
Please enter your name here