အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာ မိန်းမလှကျွန်းတွင် ဘေးမဲ့တိရိစ္ဆာန် ၄၀၀ ကျော်နေထိုင်ကျက်စားနေ

0
179

မြန်မာနိုင်ငံအတွင်းရှိအာဆီယံအမွေအနှစ်ဥယျာဉ်ဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာ မိန်းမလှကျွန်းတွင် ဘေးမဲ့တိရိစ္ဆာန် (၄၀၀) ကျော်နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၁၅ ခုနှစ်တွင် မိန်းမလှကျွန်း ထင်းကြိုးဝိုင်းအဖြစ်  စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် မိန်းမလှကျွန်း(တိုးချဲ့) ကြိုးဝိုင်းအဖြစ်လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ကာ ၂၀ဝ၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်နှင့် ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ် ဒေသအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ်အတွင်းရှိ အဆိုပါဘေးမဲ့တောသည် ၃၃၇၇၉ ဧက အကျယ်အဝန်းရှိပြီး နို့တိုက်သတ္တဝါ (၁၈) မျိုး၊ ငှက် (၁၉၀)မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ (၃၈) မျိုး၊ ငါး (၁၁၀)၊ ကဏန်း (၆)မျိုး၊ ပုစွန် (၁၄) မျိုး၊ လိပ်ပြာ (၃၅) မျိုး၊ ဒီရေတောသစ်မျိုး (၂၉) မျိုး၊ သစ်ခွ(၆)မျိုးရှိပြီး ဒီရေတောအတွင်း ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းနေမှုများ၊ ငှက်၊ ဧရာဝတီလင်းပိုင်၊ ပင်လယ်လိပ်များ၏ နေထိုင်ကျက်စားမှုများကို လေ့လာနိုင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာနမှ သိရသည်။

ယင်းဘေးမဲ့တောသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း (၃၂) ရွာမှ အိမ်ထောင်စု (၈၀၀၀) ကျော်၏ စားဝတ်နေရေးအတွက်မှီခိုရာလည်းဖြစ်သည့်အပြင် မိန်းမလှကျွန်းဒီရေတောများသည် သဘာဝဘေးအန္တရာယ်များ၏ဒဏ်မှ တံတိုင်းသဖွယ် အကာအကွယ်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here