အီဖဲလ်မျှော်စင်ပေါ် တက်ရန်ကြိုးစားခဲ့သူကို ရဲက ဖမ်း

0
157

အိုလံပစ်ပြိုင်ပွဲ နောက်ဆုံးနေ့တွင် တောင်တက်သမားတစ်ဦးက ပါရီမြို့ရှိ အီဖဲလ်မျှော်စင်ကို မြောက်ဖက်မျက်နှာစာမှ တက်ရောက်ခဲ့သောကြောင့် လမ်းခုလတ်တွင် ကြားဖြတ်ဟန့်တားခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

“နေ့လည်၂း၄၅ နာရီလောက်မှာ လူတစ်ယောက် အီဖဲလ်မျှော်စင်ပေါ် တက်နေတာ တွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ချက်ချင်းပဲ သွားရောက်ဟန့်တားပြီး ဒီလူကို ဖမ်းဆီးခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ဆိုရှယ်မီဒီယာပေါ် တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ရင်ဘတ်ဗလာနှင့် တောင်တက်သမားသည် သိုင်းကြိုးများမပါဘဲ အိုလံပစ်သင်္ကေတကွင်းများကို တွယ်တက်ခဲ့သည်ကို တွေ့ရသည်။ မျှော်စင် ဒုတိယဆင့်သို့ သူစတက်ချိန်တွင် ရဲက ကြားဖြတ်ဖမ်းဆီးခဲ့သည်။

ပြင်သစ်မီဒီယာမျး၏ ဖော်ပြချက်အရ မီတာ ၃၃၀ မြင့်သော အထိမ်းအမှတ်မျှော်စင်ပေါ် သို့တက်ခဲ့သည့် အမျိုးသားမှာ ဗြိတိန်နိုင်ငံသား ပရော်ဖက်ရှင်နယ် တောင်တက်သမားတစ်ဦးဟု သိရသည်။ ယင်းအဖြစ်အပျက်ကြောင့် မျှော်စင်ကို ခေတ္တပိတ်ခဲ့ရသည်။

ပြင်သစ်နိုင်ငံတွင် နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ၂၀၂၄ နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်က စတင်ခဲ့ပြီး တနင်္ဂနွေနေ့ညပိုင်းတွင်း ပြီးဆုံးခဲ့သည်။

Ref: HT,AA.Com


LEAVE A REPLY

Please enter your comment!
Please enter your name here