တရုတ်က အီရန်၏ အချုပ်အခြာအာဏာ ကာကွယ်မှုကိုထောက်ခံ

0
117
China's Foreign Minister Wang Yi looks on as he arrives to attend the Association of Southeast Asian Nations (ASEAN) Post Ministerial Conference with China in Vientiane on July 26, 2024. (Photo by TANG CHHIN Sothy / AFP)

ပေကျင်း၊ဩဂုတ် ၁၁

“နိုင်ငံတော်၏အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့် နိုင်ငံ့ ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် လုပ်ဆောင်နေသည့်အီရန်ကို ထောက်ခံသည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်ဖုန်းပြောရာ၌ ပြောကြားခဲ့ကြောင်းသိရသည်။

မစ္စတာဝမ်က ဟားမတ်စ်အကြီးအကဲ ဇူလိုင် ၃၁ ရက်က လုပ်ကြံသ–တ်ခံခဲ့ရမှုနှင့်ပတ်သက်၍ ပေကျင်းက ရှုံ့ချကြောင်းကို ထပ်မံပြောကြားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် အီရန်၏ အချုပ်အခြာအာဏာကိုချိုးဖောက်ကာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည်ဟုလည်းပြောကြားခဲ့သည်။

အီရန်နှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့က စစ်သွေးကြွခေါင်းဆောင် ကို ‌ေ-သဆုံးစေခဲ့သော တိုက်ခိုက်မှုကို အစ္စရေးဘက်ကလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။

သို့သော် အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အစ္စရေးက တာဝန်ရှိကြောင်းပြောကြားခြင်းမရှိသကဲ့သို့ မလုပ်ကြောင်း ကို လည်း ငြင်းဆိုခြင်းမရှိခဲ့‌ပေ။

အဆိုပါအရေးနှင့်ပတ်သက်၍ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးနှင့်ဟားမတ်စ်တို့ကြားစစ်ပွဲသည် ပိုမိုကျယ်ပြန့်သော အရှေ့အလယ်ပိုင်းစစ်ပွဲအဖြစ်သို့ ပြောင်းလဲသွားနိုင်သဖြင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့သည်။

Source : ရိုက်တာ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here