မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲတွင် တောင်ပင်လယ်ပုလဲအလုံးပေါင်း (၁၇၅၀၀၀)၊ အတွဲ (၇၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည်

0
79

(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲကို ဩဂုတ် ၁၂ ရက် မှ ၁၅ ရက်အထိ တောင်ပင်လယ်ပုလဲအလုံးပေါင်း (၁၇၅၀၀၀)၊ အတွဲ (၇၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၂ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပြီး နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံအလိုက် တောင်ပင်လယ်ပုလဲထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ပုလဲများထုတ်လုပ်မှု၊ ရောင်းချနိုင်မှုနှင့် ၂၀၂၄ ခုနှစ်၊(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲအခမ်းအနား ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲ၌ ဩဂုတ် ၁၃ ရက်တွင် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲအတွဲအမှတ် (၀၀၁)မှ (၁၁၅)တွဲအထိ ပုလဲအတွဲ(၁၁၅) တွဲနှင့် တင်ဒါအမှတ်(၂)ဖြစ်သည့် ပုလဲအတွဲအမှတ်(၁၁၆)မှ (၂၃၀)တွဲအထိပုလဲအတွဲ(၁၁၅)တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ဩဂုတ်(၁၄)ရက်တွင်တင်ဒါအမှတ် (၃)ဖြစ်သည့် ပုလဲအတွဲအမှတ်(၂၃၁) မှ (၃၄၅)တွဲအထိ ပုလဲအတွဲ (၁၁၅)တွဲနှင့် တင်ဒါအမှတ် (၄)ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆) မှ (၄၆၀) အထိ ပုလဲအတွဲ(၁၁၅)တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ဩဂုတ်(၁၅)ရက်တွင် တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ် (၄၆၁)မှ (၅၈၀)အထိပုလဲအတွဲ (၁၂၀)တွဲနှင့် တင်ဒါအမှတ် (၆)ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)မှ (၇၀၀)အထိ ပုလဲအတွဲ( ၁၂၀)တို့ကိုအိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here