ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာ အနောက်ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွား

0
74

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အကွက်အမှတ် (၂၃၈)၊ (၂၆)လမ်း၊ (၉၁) x (၉၂) လမ်းကြားတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၁၂) ရက်၊ ည (၁၀)နာရီ၊ မိနစ် (၂၀) အချိ န်ခန့်က အဆိုပါ နေရာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှလည်း မီးလောင်ရာသို့ မီးအလင်းရောင်ရရှိရေးအတွက် အရေးပေါ်ကယ်ဆယ်ရေးယာဉ် (Lighting) ကားထွက်ခွာကာ မီးသတ်တပ်ဖွဲ့နှင့်အတူ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“Hotel အပေါ်ထပ် ၅ လွှာမှာ လောင်တာလို့ သိရပါတယ်”ဟု အနီးနားဝန်းကျင်မှ ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ဝိုင်းဝန်းထွက်ခွာ ငြှိမ်းသတ်ရာ ည (၁၀)နာရီ (၂၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိခဲ့ဘဲ မီးလောင်မှုအကြောင်းရင်းနှင့် ပတ် သက်၍ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here