ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း (၂၄) ခု၌ ဆင်စာဘူဖေးကျွေး

0
226

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အခမ်းအနားအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း (၂၄) ခု၌ ဆင်စာဘူဖေး ကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဩဂုတ် (၁၂) ရက်တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီး၌ ဆင်စခန်းတာဝန်ခံနှင့် ဆင်ဦးစီး၊ဆင်ပဲ့ချိတ်များ ဦးဆော င်ကာ ကြိုဆိုကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ကာ ၂၀၁၂ ခုနှစ် ဩဂုတ် (၁၂) ရက်မှ စတင်ပြီး ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံ အခြေစိုက် Elephant Reintroduction Foun dation တို့က စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသ ည်။

ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် Wildlife Organizations နိုင်ငံပေါင်း (၇၀) ကျော် ရှိနေပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောသည်။

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း (၂၄) ခုလုံး၌ ဆင်စာဘူဖေးကျွေးခြင်းများ ကျင်းပခဲ့ကြကြောင်း သိရသည်။

ဆင်များအား ကျွေးမွေးရာတွင် နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ကို ဘူဖေးကျွေးခဲ့ကြောင်း ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာ ဆင်စခန်းမှ တာဝန်ရှိသူက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here