Katy Perry အကြီးမားဆုံး အာရုံစိုက်နေတဲ့ ကိစ္စ

0
243

4

Perry ဟာ Orlando Bloom နဲ့ စတွေ့ပြီးနောက်ပိုင်း သူနဲပဲ အခြေချဖို့ ဆုံးဖြတ်ခဲ့ပြီး သတင်းတစ်ခုအရ သူတို့ဟာ လက်ထပ်ဖို့နဲ့ ကလေးယူဖို့ကို  တိုင်ပင်နေတယ်လို့ သိရပါတယ်။ အခုတလော အစ်မကို ကူပြီး တူမလေးကို ထိန်းပေးနေရင်း မီဒီယာကို အခုလို
ပြောခဲ့ ပါတယ်။

ကလေးမွေးဖွားတာနဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်  ရတာဟာ ဘယ်လောက်တောင် ဂုဏ်ယူဖို့ကောင်းသလဲ။ ကျွန်မ တို့မိန်းမသားတွေမှာ  အဲ့ဒါတွေ လုပ်ဖို့ တာဝန်ရှိပါတယ်။Perry ဆက် ပြောခဲ့တာက သူမဟာ ကလေးယူဖို့ စိတ်အားထက်သန်နေပြီး တူမလေးကို ထိန်းပေးနေရင်းနဲ့ ကလေးအတွက် လိုအပ်တာတွေကို မြင်လာရပြီး ကြိုးစား ဖြည့်ဆည်းနေတယ်လို့ ပြောခဲ့ပါတယ်။

 Perry  က သူမအနာဂတ်အတွက် ဒုတိယမြောက် လက်ထပ်ဖို့ အတွက် ယုံကြည်ချက်ရှိသလို ကလေးယူဖို့အတွက်လည်း တအားကို အာရုံစိုက်နေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here