သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်မည့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို ထုတ်ပြန်

0
205

တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်လာပြီး ရက်ပိုင်းအတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နေပြည်တော်သို့ လာမည်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ အာရှာရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွမ်း နေပြည်တော်လာပြီး ရက်ပိုင်းအတွင်း၌ပင်တရုတ်နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည်ဖြစ်ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်မည့် ခရီးစဉ်တခုဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။

ထို့ပြင် ယခုအကြိမ်မြန်မာ ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်သည်ဟု လည်း ဆိုသည်။

ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နို င်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသ ည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည် ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစ ဉ်အမြဲထောက်ခံသွားမည်ဟုလည်း တရုတ်သံရုံးက ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here