NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း၏ ဈာပနသို့ 7 EAO Alliance က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

0
157

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) ဥက္ကဌကြီး ဦးစိုင်းလင်း၏ ဈာပနသို့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် အဖွဲ့အစည်း (၇)ဖွဲ့ဖြစ်ကြသည့် 7 EAO Alliance က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း ယနေ့ ဩဂုတ်(၁၃)ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ဦးစိုင်းလင်း ကွယ်လွန်ခြင်းသည် NDAA နှင့် အထူးဒေသ(၄) ဒေသခံပြည်သူများအတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည့်အပြင် မြန်မာ့ငြိမ်းချမ်းရေးအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုဖြစ်သောကြောင့် ကျန်ရစ်သူမိသားစု
နှင့် NDAA မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း ဆိုသည်။

ထို့အတူ သဝဏ်လွှာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အထူး ဒေသ(၄)၏ စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်ရေးတို့အတွက် မူဝါဒများကို အုတ်မြစ်ချ၍ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်အား ဒေသခံပြည်သူများ ရရှိခံစားနိုင်မည်ကို ယုံကြည်သောခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများအတွက်အထောက်အပံ့များကို ပံ့ပိုးပေးခဲ့သူဖြစ်ကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဈာပနအား ဩဂုတ်(၂၃)ရက်တွင် မိုင်းလားမြို့တွင် ကျင်းပပြုလု ပ်သွားမည်ဖြစ်ကြောင်း မိုင်းလား အထူးဒေသ(၄) ငြိမ်းချ မ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဈာပန စီမံရေးကော်မတီက အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

အသက်(၇၆)နှစ်အရွယ် ဦးစိုင်းလင်းသည် ဩဂုတ်(၇)ရက်၊ မြန်မာစံတော်ချိန်(၁၀)နာရီ မိနစ်(၄၀) အချိန်တွင် ၎င်း၏ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ကော်မတီ၏ အသိပေးချက်တွင် ပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here