ယူကရိန်းက ရုရှားကို တိုက်ခိုက်ခြင်း သည်အပစ်ရပ်ရေးညှိရန်ဖြစ်ဟုပူတင်ဆို

0
404

စစ်ပွဲစတင်ခဲ့ချိန်ကစ၍ ပထမဆုံးအကြိမ်အဖြစ် ရုရှားမြေတွင် ယူကရိန်းက အကြီးမားဆုံး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းသည် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးမှုများ မတိုင်မီ ကိဗ်၏ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ အနေအထားကို အလေးသာစေရန်နှင့် ရုရှားတပ်များ ရေ့တိုးလာမှုကို နှေးကွေးသွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့တွင် ပြောဆိုသည်။

ယူကရိန်းတပ်များသည် ပြီးခဲ့သော အင်္ဂါနေ့တွင် ရုရှားနယ်စပ်ကို ဖြတ်ကျော်ကာ ရုရှား၏ ကာ့စ်ဒေသအနောက်ပိုင်း အစိတ်အပိုင်းအချို့အတွင်း ဝင်ရောက်ခဲ့သည့် ရုတ်တရက်တိုက်ခိုက်မှုကြောင့် ယင်းဧရိယာရှိ ရုရှားနယ်စပ် ကာကွယ်ရေးအားနည်းမှုကို ပေါ်လွင်စေခဲ့သည်။

ယူကရိန်းတပ်များ ကျူးကျော်ဝင်ရောက်လာခဲ့မှုနှင့်ပတ်သက်၍ ပထမဆုံးသော လူသိရှင်ကြား သသောထားမှတ်ချက်ပြုခဲ့ရာတွင် ပူတင်က ယူကရိန်းသည် ၎င်း၏ အနောက်တိုင်း၏ အကူအညီဖြင့် ဖြစ်နိုင်ခြေရှိသော ဆွေးနွေးပွဲများ မတိုင်မီ ၎င်းဘက်က အနေအထားကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားသည်။

ရုရှား အရပ်သားများနှင့် နျူကလီးယားအဆောက်အအုံများပါမရှောင် ပစ်ခတ်မှုလုပ်နေသော ရန်သူနှင့် စေ့စပ်ဆွေးရန် ဖြစ်နိုင်ပါမည်လားဟုလည်း ပူတင်က မေးခွန်းထုတ်ခဲ့သည်။

“ရန်သူတွေကို ကျွနု်ပ်တို့ ပိုင်နက်ထဲကနေ မောင်းထုတ်ဖယ်ရှားပစ်ရေးဟာ ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက် အဓိကတာဝန်ဖြစ်တယ်” ဟု ပူတင်က ဆိုခဲ့ပြီး ရန်သူသည် ထိုက်တန်သော တုန့်ပြန်မှု ခံရလိမ့်မည်ဟုလည်း ပြောဆိုသည်။

စစ်ပွဲရပ်တန့်ရေးဆိုင်ရာ ဆွေးနွေးမှုအတွက် သဘောတူကြရန် ကိဗ်နှင့် မော်စကိုနှစ်ဖက်စလုံးအပေါ် ဖိအားများတိုးလာနေသကဲ့သို့ ကြီးမားသော စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်စွမ်းရှိနေဆဲဖြစ်ကြောင်းအား ၎င်း၏ အနောက်တိုင်း ထောက်ခံသူများကို ပြသရန် ယူကရိန်းက ကြိုးစားနေသည်ဟု ရုရှားအရာရှိများက ပြောဆိုခဲ့သည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here