ကမ္ဘာ့ဈေးကွက်ထဲတင်ပို့နေကြသည့် ဆန်များကြား မြန်မာ့ဆန်တန်ချိန်မှာနည်းပါး

0
507

ပြည်ပဝယ်လက်များအနေဖြင့် မြန်မာ့ဆန်ကို နောက်ဆုံးမှာသာထား၍ စဥ်းစားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ‌ဦးရဲမင်းအောင်က ပြောသည်။

ဩဂုတ် (၁၂) ရက်တွင် ဆန်စပါးအသင်းချုပ်၌ ပြုလုပ်သည့် သတင်းပြန်ကြားဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် ဆန်၊ ဆန်ကွဲ တန်ချိန် (၂) သန်းခန့်သာ ကမ္ဘာ့ဈေးကွက်ထဲသို့ တင်ပို့နိုင်သည့်အတွက် တန်ချိန်အများအပြား တင်ပို့သည့် နိုင်ငံများထက် အရေးပါသည့် အနေအထားမရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများကသာ မြန်မာရောင်းချသူများကို အရေးပါသူအဖြစ် မှတ်ယူကြကြောင်း၎င်းကဆိုသည်။

” ဝယ်တဲ့နိုင်ငံတွေက မြန်မာနိုင်ငံကို နောက်ဆုံးမှ စဉ်းစားတဲ့ အနေအထားမျိုးလည်းရှိတယ်။ ဒါက တကယ့်အခြေအနေအမှန်ကို ပြောပြတာ။ အာဖရိကိုဆိုရင် ရောင်းမရတာ တော်တော်ကြာပြီ။ အခုမှ နည်းနည်းပြန်ပြီးတော့ ရောင်းနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိ ပြည်တွင်းထုတ်လုပ်မှုအနေဖြင့် ပြည်တွင်းစားသုံးမှုအရ ဆန်တန်ချိန် (၂) သန်းကျော်သာ တင်ပို့ထားနိုင်ပြီး ဆန်တန်ချိန် (၃)သန်းမှ (၄)သန်းအထိ ပို့နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်း တစ်ဧက တင်း (၁၀၀) ထွက်ရှိသည့် အနေအထားဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၏ (၄) လတာကာလအတွင်း ဆန်၊ဆန်ကွဲတန်ချိန် ၅ ဒသမ ၁ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းမှအမေရိကန်ဒေါ်လာ (၂၆၅) သန်း ရရှိထားကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here