မြန်မာငွေ (၁) သိန်းကျပ်လျင် ဘတ် (၅၀၀)သာ ရနိုင်တော့သည်အထိ ကျပ်ငွေဈေးထိုးကျ

0
322

ယခုရက်ပိုင်းအတွင်း မြန်မာကျပ်ငွေဈေးထိုးကျကာ ပြည်ပငွေဈေးများ မြင့်တက်လျက်ရှိနေရာ မြန်မာငွေ (၁) သိန်းကျပ်ကို ထိုင်းဘတ် (၅၀၀) သာ ရရှိနိုင်တော့ကြောင်း သိရသည်။

အလားတူ တရုတ် ယွမ်ငွေ၊ ကိုရီးယား ဝမ်ငွေ၊ စင်္ကာပူဒေါ် လာအပါအဝင် အခြားပြည်ပငွေဈေးများလည်း ဆက်တိုက်မြင့်တက်လာနေကြောင်း ပြည်တွင်းငွေကြေးဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

လက်ရှိတွင် ဘတ်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့၌ ဘတ်ဈေးဖြင့်သာ တွက်ချက်၍ ဈေးဝယ်ယူနေရကြောင်း ဒေသခံများထံက သိရသည်။

“ယခုတလောငွေကြေး ပြောင်းလဲမှုတွေကြောင့် မြဝတီမြို့မှာ ဆိုင်အတော်များများ ဘတ်စျေးကပ်ပြီး ရောင်းချလာတာကို တွေ့ရတယ်။ငွေကြေးပြောင်းလဲမှုကြောင့် ဘတ်နဲ့တွက်‌ရောင်းတာကို နားလည်ပေးနိုင်ပေမယ့်လည်း ဆိုင်အချို့( တရုတ်ဆိုင်များ)မြန်မာကျပ်ငွေနဲ့ ငွေပေးချေတာကိုလက်မခံဘဲ ဘတ်ပေးမှသာ လက်ခံတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းငွေ တစ်ဘတ်လျင် မြန်‌မာငွေ (၁၇၅) ကျပ်သာ ရှိခဲ့ရာမှ ယနေ့ ဩဂုတ်လ (၁၃) ရက် နံနက်ပိုင်းမှ စတင်ကာ ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ (၂၀၀) ကျပ်အထိ ထက်မံမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဘတ်ဈေး မြင့်တက်လာမှုကြောင့် ထိုင်းသို့ ကုန်စည်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူများ ပို့ကုန်ဝင်ငွေ တိုးတက်ရရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

သို့သော် တစ်ဘက်တွင် ထိုင်းနိုင်ငံမှ တင်သွင်းနေရသည့် စားသောက်ကုန်များ၊အလှကုန်ပစ္စည်းများ၊ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အဝတ်အထည်နှင့် လူသုံးကုန် ပစ္စ ည်းများ၊ မီးဖိုချောင်သုံး ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ယခုထက်ပိုကာ အဆမတန်
မြင့်တက်လာမည့် အလားအလာရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here