နေပြည်တော် သုံးလော-င်းပြိုင်လူသ-တ်မှု ကျူးလွန်သူ နှစ်ဦးကို ဖမ်းမိ

0
565

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင်ဖြစ်ပွားခဲ့သည့် သုံး လော-င်းပြိုင် လူသ-တ်မှုမှ ကျူးလွန်သူ နှစ်ဦးကို ဖမ်းမိပြီဖြစ်ကြောင်း သိရသည်။

ထိုဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ ပုဗ္ဗသီရိမြို့နယ်၊ ချောင်းစောက်ကျေးရွာနေ ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ)ဇော်ဇော်အား သြဂုတ် (၁၂) ရက်၊ ည (၆) နာရီခွဲတွင် ရန်ကုန်မြို့မှ ချောက်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးရမိခဲ့သည့် ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ)ဇော်ဇော် ၏ ထွက်ဆိုချက်အရ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ ရဲထက်ကျော်အား သြဂုတ် (၁၂)ရက်၊ ည (၁၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်း(အနောက်)ကျေးရွာ၌ လူသ–တ်မှုကျူး လွန်၍ လုယက်ယူဆောင်ခဲ့သည့် လက်ကိုင်ဖုန်း နှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၄င်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် သ–တ်ဖြ–တ်ခံရသည့် မိသားစုမှ သားဖြစ်သူနှင့် မိတ်ဆွေသူငယ်ချင်းများဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေအိမ်၌ ၎င်းတို့နှစ်ဦးနှင့်အတူ မကြာခဏ အရက်နှင့် ထန်းရည်အတူသောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း၊ သြဂုတ် (၈) ရက်၊ ည (၇) နာရီတွင် ‌ေ-သဆုံးသူ မိသားစု၏ နေအိမ်သို့ သွားရောက်၍ အရက်အတူ သောက်စားပြီးနောက် မိဘနှစ်ဦးနှင့် သားဖြစ်သူတို့ကို ရို-က်နှ-က်-သ-တ်ဖြ–တ်ခဲ့ကာ နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံး၊ Ractis အမျိုးအစား မော်တော်ယာဉ်တို့ကို ယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်မှ ပျောက်ဆုံးသွားသည့် Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၂)ရပ်ကွက်ရှိ လမ်းမပေါ်တွင် ဩဂုတ်လ (၁၁)ရက်က တွေ့ရှိခဲ့သည်ဟုလည်း သိရသည်။

‌ေ-သဆုံးသူ ဆရာဝန်မိသားစုသည် စီစီတီဗီ မှတ်တမ်းများအရ ဩဂုတ် (၈) ရက်၊ ညပိုင်းက ‌ေ-သဆုံးခဲ့ကြောင်းသိရပြီး ဩဂုတ်လ (၁၀)ရက်တွင် အထက်ပါအိမ်၌ အနံ့အသက်မကောင်းခြင်းကြောင့် ပတ်ဝန်းကျင်နေထိုင်သူများမှ သက် ဆိုင်ရာကို တိုင်ကြားရာမှ ထိုဖြစ်စဉ်ကို သိရှိရခြင်းဖြစ်သည်။

ထိုအမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့အပြင် မှုခင်းရဲတပ်ဖွဲ့ (CID) က အရာရှိကြီးများလည်း လာရောက်စစ်ဆေးခဲ့ကာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here