ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းကို နည်းပြချုပ် ဒေါ်ဇင်မာဝမ်း လွှဲပြောင်းကိုင်တွယ်မည်

0
128

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဒေါ်ဇင်မာဝမ်းက ယနေ့ ဩဂုတ်(၁၃)ရက်တွင် စတင်လွှဲပြောင်းတာဝန်ယူ ကိုင်တွယ်သွားခဲ့ကြောင်း သိရသည်။

ဒေါ်ဇင်မာဝမ်းသည် မြန်မာ့အမျိုးသမီး လက်ရွေးစင်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအ တွက် ရွှေ၊ ငွေ၊ ကြေးတံဆိပ် များရရှိရန်နှင့် အာရှဖလားခြေစစ်ပွဲအောင်မြင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သော ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။

သူမသည် လားရှိုးဇာတိဖြစ်ပြီး၊ မြန်မာဘောလုံးအဖွဲ့ချုပ်၏ လူငယ်အမျိုးသမီး ဘောလုံးအသင်း နည်းပြအဖြစ်လည်း တာဝန်ယူလုပ်ကိူင်ခဲ့သူဖြစ်သည်။

ဩဂုတ် (၁၃) ရက် ၊ညနေ ယှဉ်ပြိုင်ကစားသည့် ချန်ပီယံ မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းအတွက် နည်းပြချုပ်အဖြစ် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-13 ပွဲစဉ်အထိ ရှမ်းအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ရမှတ်မရရှိသေးဘဲ အုပ်စုအောက်ဆုံးအဆင့်တွင် ရပ်တည်နေရခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါ်ဇင်မာဝမ်း စတင်ကိုင်တွယ်သည့်အချိန်တွင် အသင်းအတွက် မည်သို့ပြောင်းလဲမှု ဖြစ်ပေါ်လာမည်ကို ရှမ်းအမျိုးသမီးအသင်း ပရိတ်သတ်များအကြား စိတ်ဝင်စား မှုမြင့်တက်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here