ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့တွင် (၃)ရက်အတွင်း ငွေကျပ်သိန်း (၄၁၀၀)ကျော် တန်ဖိုးရှိ တရားမဝင်ပစ္စည်းမျိုးစုံနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

0
150

မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရွာသာကြီး Dry Port ၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် (၃)ရက်အတွင်း ငွေကျပ်သိန်း (၄၁၀၀)ကျော် တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက မြန်မာ့စက်မှုဆိပ်ကမ်း၌ သြဂုတ် (၉) ရက်က စစ်ဆေးရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Neoprene Adhesives လုပ်ငန်းသုံးကော် ကီလိုဂရမ် ၁၁၇၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၆၈၃၀၀၀) ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၂) လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Ceramic Wall & Floor Tiles ၇၃၁ ဒသမ ၃၄ စတုရန်းမီတာ၊ Plastic Resin–Polyethylene ကီလိုဂရမ် ၄၉၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၃၂၅၃၄၉)ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Machinery Spare Parts (၁၃)ဘူးအပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ)၌ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Finger-print Scanner တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွာသာကြီး Dry Port ၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် အားဖြည့်အချိုရည်ဘူး ၁၈၀၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၃၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Chenglong Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၀၀၀၀၀ ၀၀၀) ကို ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၂၇၅၄၆၃၃၄၉) ရှိပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ပြင် သြဂုတ် (၁၀) ရက်က ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည် X-Ray စက်စစ်ဆေးရးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ်ခေါက်ဆွဲခြောက်ထုပ် (၄၂၀၀)၊ ဂျပန်နိုင်ငံထုတ် TV (၆၈) လုံးအပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၃၂၀၀၀) နှင့် အ ဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီးနှင့် Zhong Tong Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀) တို့ကို အ ရေးယူထားသည်။

ပဲခူးခရိုင်အတွင်း၌လည်း တရားမဝင်အခြားသစ် ၁ ဒသမ ၁၂၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၂၇၀၁) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀၈၄၇၀၁ ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ သြဂုတ် (၁၀) ရက်က လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်တစ်စီးနှင့် Dihatsu Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀ ၀၀)၊ သြဂုတ် (၁၁) ရက်က စစ်ကိုင်းမြို့ ရတနာပုံတံတား ပူး ပေါင်း စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Crown Athlete မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ပန်းသီးအလုံး (၈၀) ပါ ခြင်း (၁၇၄၀) (ခန့် မှန်းတန်ဖိုးငွေကျပ် ၁၉၁၄၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါ င်းခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၁၄၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူထားကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် သြဂုတ် (၉) ရက်၊ (၁၀) ရက်နှင့် (၁၁) ရက် တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၇၆၈၈၀၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here