စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ငွေကျပ် (၁) ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇) သိန်း ကျော်ဖမ်းဆီးရမိ

0
136

စစ်ကိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် (၁) ဒသမ (၄၃) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇) ဒသမ (၁၅) သိန်းကို အမျိုးသား (၅)ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်၊ မြို့မဈေးရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဩဂုတ် (၈) ရက်၊ ညနေ (၃) နာရီခွဲအချိန်က မုံရွာမှ ယင်းမာပင်ဘက်သို့ ခင်မောင်ဆန်း မောင်းနှင်ပြီး လွင်မင်းသန့် လိုက်ပါလာသည့် CANTER ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် (၉) ရက်၊ နံန က် (၈) နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆက်တရားခံ ကြင်ဆွန်း(ခ)ကျင်စွမ်း အား HILUX SURF မော်တော်ယာဉ် (၁) စီး၊ စိတ်ကြွရူးသွပ်ဆေးပြား (၂) ဒသမ (၇) သိန်းနှင့် လည်းကောင်း၊ ဩဂုတ် (၉) ရက် နံနက် (၉) နာရီခွဲအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထွဋ်မြတ်ဦး(ခ)အီးတီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ခင်မောင်ဆွေအား စိတ်ကြွရူးသွပ်ဆေးပြား (၂) ဒသမ (၄၅) သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူ ထွဋ်မြတ်ဦး(ခ)အီးတီ အား ဩဂုတ် (၁၀) ရက်၊ မွန်းလွဲ (၁) နာရီအချိန် ရန်ကုန် – မန္တလေးအမြန်လမ်း၊ (၂၀၁)မိုင် တိုးဂိတ်၌ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here