ဩဂုတ် (၉) ရက်၊ နေ့လယ် (၁) နာရီခွဲ အချိန်က အယုဒ္ဓခရိုင်၊ ဘန်ဆိုင်မြို့နယ်၊ စနမ်ချိုင်ကျေးရွာရှိ
သင်္ဘောကျင်းလုပ်ငန်းခွင်၌ သတ္တုများကို ဝရိန်ဆော်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမား (၂) ဦး ေ-သဆုံးကာ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ေ-သဆုံးခဲ့ရသူ မြန်မာလုပ်သား (၂) နှစ်ဦးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက လုပ်သက်အလိုက် ေ- သဆုံးသူ ကိုကျော်မြတ်သူအား နစ်နာကြေး ဘတ်ငွေ ၈၃၃၀၃၆ ဘတ် ၊ ကိုဝင်းထွန်းကိုအား နစ်နာကြေး ဘတ်ငွေ ၈၁၄၄၀၀ဘတ် (လက်ရှိ ထိုင်း-မြန်မာ ငွေလဲဈေးအရတစ်ဦးလျင် မြန်မာကျပ်ငွေ သိန်း(၁၅၀၀) ကျော်စီ) ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။