အစ္စရေးသို့ ဒေါ်လာ ဘီလျံ၂၀ ဖိုး စစ်လက်နက်များ အမေရိက ရောင်းမည်

0
201
Israeli armoured vehicles drive on a road during a raid in Tubas city in the occupied West Bank on August 14, 2024. - Israeli troops killed five Palestinians in air strikes in Tammun town and a raid in nearby Tubas in the north of the occupied West Bank on August 14, sources on both sides said. (Photo by Zain JAAFAR / AFP)

တိုက်လေယာဉ်များနှင့် အခြား စစ်သုံးပစ္စည်းများပါဝင်သော ဒေါ်လာ ဘီလျံ ၂၀ ခန့်တန်ဖိုးရှိ စစ်လက်နက်များကို အစ္စရေးသို့ ရောင်းချသွားရန် အင်္ဂါနေ့တွင် အမေရိကသည်အတည်ပြုလိုက်ကြောင်း သိရသည်။ ဂါဇာကမ်းမြောင်စစ်ပွဲကာလ ၁၀ လ အကြာတွင် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်သော်လည်း လက်နက်များကို စတင်ပေးပို့ရေးမှာ နှစ်အတန်ကြာဦးမည်ဟု ပင်တဂွန်က ပြောဆိုသည်။

အက်ဖ်-၁၅ တိုက်လေယာဉ်များနှင့် စစ်သုံးပစ္စည်း ဒေါ်လာ ၁၉ ဘီလျံ နီးပါးဖိုးနှင့်အတူ တင့်သုံးကျည် ဒေါ်လာ ၇၇၄ သန်းဖိုး၊ မော်တာကျည် ဒေါ်လာ သန်း ၆၀ ကျော်ဖိုးနှင့် စစ်သုံးယာဉ် ဒေါ်လာ ၅၈၃ သန်းဖိုး ရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အတည်ပြုချက်ပေးခဲ့သည်ဟု ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် ပြောဆိုသည်။

ပင်တဂွန်၏ အဆိုအရ ဘိုးရင်း ကုမ္ပဏီအနေဖြင့် ယင်း အက်ဖ်-၁၅ တိုက်လေယာဉ်များ ထုတ်လုပ်ရန် နှစ်အတန်ကြာ အချိန်ယူရနိုင်သကဲ့သို့ ကုန်ပေးပို့မှုသည်လည်း ၂၀၂၉ ခုနှစ်တွင်မှ စတင်နိုင်ရန် မျှော်လင့်ကြောင်းနှင့် အခြား စစ်သုံးပစ္စည်းများသည်လည်း ၂၀၂၆ ခုနှစ်တွင်မှ စတင်ပေးပို့နိုင်ဖွယ်ရှိသည်ဟု ဆိုခဲ့သည်။

အဆိုပါ အရောင်းအဝယ်နှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးက ပြောဆိုရာတွင် အချို့ လက်နက်ပစ္စည်းများကို ၂၀၂၆ ခုနှစ် အစောပိုင်းလောက်တွင် ပေးပို့နိုင်ဖွယ်ရှိသူဟု သုံးသပ်သည်။

အမေရိကန်ပြည်ထောင်စုသည် အစ္စရေး၏ လုံခြုံရေးကို ကတိပြုထားပြီး မိမိကိုယ်ကို ကာကွယ်ရေးစွမ်းရည် အားကောင်းခိုင်မာစွာနှင့် အသင့်အနေအထားရှိနေရန်၊ ဖွံ့ဖြိုးနေစေရန်အတွက် အစ္စရေးကို ပံ့ပိုးပေးရေးသည် အမေရိကန် နိုင်ငံတော်အကျိုးစီးပွားအတွက် အရေးကြီးကြောင်း ပင်တဂွန်က ပြောဆိုခဲ့သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here