ပြည်တွင်းအမှတ်ပေး ပြိုင်ပွဲများတွင် လုပ်ပွဲနှင့် လောင်းကစားမှုများ မဖြစ်ပေါ်ရေး ကြိုတင်အသိပညာပေး

0
73

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသော ပြည်တွင်းအမှတ်ပေးပြိုင်ပွဲများ၌ လုပ်ပွဲနှင့် လောင်းကစားမှုများ မဖြစ်ပေါ်လာစေရန် ကြိုတင် အသိပညာပေးသည့် အစီအစဉ်တစ်ရပ်ကို ဩဂုတ် (၁၃) ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)တို့မှ ညွှန်ကြားချက်အရ ပြုလုပ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အသိပညာပေးအစီအစဉ်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများအပါအဝင် မြန်မာနေရှင်နယ်လိဂ်-၁၊ မြန်မာနေရှင်နယ်လိဂ်-၂ နှင့် အမျိုးသမီးလိဂ်ကလပ်အသင်းများမှ အသင်းအမှုဆောင်အရာရှိချုပ်များ၊ အထွေထွေမန်နေဂျာများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြချုပ်များ၊ အသင်းခေါင်းဆောင်များ၊ ဂိုးသမားများတက်ရောက်ခဲ့ကြသည်။

ပွဲစဉ်များအတွင်း Match Fixing အတွက် Social Media၊ ပြင်ပနည်းလမ်းစသည့် နည်းလမ်းပေါင်းစုံမှတဆင့် စည်းရုံးချဉ်းကပ်လာမှုများအပေါ် ဘောလုံးလောကသားများအနေဖြင့် ပါဝင်ပတ်သက်မှုမရှိစေရန် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here