ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏မြို့ရွာ များအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်းပြော

0
100

မြန်မာနိုင်ငံသို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိခဲ့သည့် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေး ရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi က ရှမ်းမြောက်ဖြစ်စဉ်နှင့် ပတ် သက်၍ရှမ်းပြည်နယ်မြောက်ပိုင်းတွင် EAO အဖွဲ့များ၏မြို့ရွာ များအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အခိုင်အမာထောက်ခံသလို နစက၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ရွေး ကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုများကို ထောက်ခံ‌ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက နစက ဥက္ကဋ္ဌကို အသိပေး ပြောကြားသွားသည်ကို တွေ့ရသည်။

ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် နစက ဥက္ကဋ္ဌတို့ တွေ့ ဆုံမှုအတွင်း မြန်မာ – တရုတ် နှစ်နိုင်ငံ ကာကွယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များ ၊ ‌ကျားဖျန့် နှိမ်နှင်းရေး ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယနေ့တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ၊ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here