မြိတ်မြို့ သမိုင်းဝင် ကန်တော်မင်္ဂလာ‌ ရေကန်အတွင်း ရေပေါ်ဆိုလာလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

0
147

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သမိုင်းဝင် ကန်တော်မင်္ဂလာရေကန်အတွင်း ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (Floating Solar Power Plant) တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ စီမံကိန်းတွင် ဆိုလာအချပ်ရေ (၇,၄၈၈)ချပ် တပ်ဆင်မည်ဖြစ်ကာ ဆိုလာစွမ်းအင်မှ (၄.၀၈)မီဂါဝပ်ထုတ်လုပ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ဆိုလာစွမ်းအင်စီမံကိန်းအား Myanmar Solor Power Tranding Co.,Ltd မှ တည်ဆောက်မည်ဖြစ်ပြီး၊
ရေကန်အကျယ် (၂၁.၆၄၀)ဧကရှိသည့်အနက် (၇.၇၇)ဧက အသုံးပြုဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် ဆန္ဒခံယူပွဲအား မြိတ်မြို့
ပုလဲရတနာခန်းမတွင် ယခုလ ဩဂုတ် (၁၀) ရက်က ပြုလုပ်ခဲ့ကြပြီး၊ ပြည်သူများ၏ သဘောထားကို တစ်လအတွင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့နိုင်ကြောင်း သိရသည်။

ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်ရန် လျာထားသည့် ကန်တော်မင်္ဂလာရေကန်သည် သမိုင်းဝင်ရေကန်တစ်ခုဖြစ်ပြီး မြစ်ငယ်ရပ်ကွက်၌တည်ရှိ၍ ရေကန်စိမ်းလန်း စိုပြည်သာယာလှပရေးအတွက် (၂၀၁၈)ခုနှစ်တွင် ပြန်လည်တူးဖော်ဆောင်ရွက်ထားရှိပြီး ဒေသခံ ပြည်သူများ အနားယူအပန်းဖြေနေသော ရေကန်တစ်ခု ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here