မန္တလေး အောင်မြေသာစံရှိ လူနေအိမ် တိုက်ခန်း (၇) လွှာတွင် မီးလောင်မှု တစ်ခုဖြစ်ပွား

0
108

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ (၁၅) လမ်း၊ (၈၂)လမ်းနှင့် (၈၆)ကြားရှိ လူနေအိမ် တိုက်ခန်း (၇) လွှာတွင် မီးလောင်မှု တစ်ခုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ၊ နယ်မြေခံလူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၁၄)ရက် ည (၁၁)နာရီအချိန်ခန့်က လူနေအိမ် တိုက်ခန်း (၇) လွှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ နယ်မြေခံယာဉ်အုပ်စု၊ ဒေသခံများ၊ နယ်မြေခံလူမှုကူညီကယ်ဆယ်ရေး အသင်းများမှ ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းထွက်ခွာငြှိမ်းသတ်ခဲ့ကြရာ ည (၁၁)နာရီကျော်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဘဲ ထိခိုက်ပျက်စီး ဆုံးရှုံးမှုအခြေနေ၊ မီးလောင်မှုအကြောင်းရင်းနှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့မှ ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးမှာ ဒီရက်ထဲ မီးလောင်တာ စိပ်လာသလိုပဲ မီးသတ်ကားသံ နေ့တိုင်းလိုလိုကြားနေရတယ်လို့ ထင်တယ်။ မီးဘေးအန္တရာယ်ကို ဂရုစိုက်ကြစေချင်ပါတယ်။”ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

သြဂုတ် (၁၂) ရက်၊ ည (၁၀)နာရီ၊ ချမ်းအေးသာစံမြိုနယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အကွက်အမှတ် (၂၃၈)၊ (၂၆)လမ်း၊ (၉၁) x (၉၂) လမ်းကြားရှိ Hotel အပေါ်ထပ် (၅) လွှာတွင်လည်း မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here