မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ တတိယနေ့တွင် ပုလဲအတွဲပေါင်း (၁၈၄) တွဲ ရောင်းချရ

0
328

(၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲတတိယနေ့ကို သြဂုတ် (၁၄)ရက်က နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များမှ ခန်းမအတွင်း ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထို့နောက် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲအမှတ် (၂၃၁)မှ အတွဲအမှတ်(၃၄၅) တွဲအထိနှင့် တင်ဒါအမှတ် (၄)ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆)တွဲမှ ပုလဲအတွဲအမှတ်(၄၆၀) အထိကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့ကြသည်။

ယင်းနောက် တင်ဒါအမှတ်(၃)နှင့် တင်ဒါအမှတ်(၄)တို့မှ ပုလဲအတွဲပေါင်း(၂၃၀) တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၁၈၄) တွဲ ရောင်းချရကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

ပုလဲရောင်းချပွဲ စတုတ္ထနေ့တွင် တင်ဒါအမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ်(၄၆၁)မှ အတွဲအမှတ် (၅၈၀) အထိ ပုလဲအတွဲပေါင်း (၁၂၀)တွဲနှင့် တင်ဒါအမှတ်(၆)ဖြစ်သည့် ပုလဲအတွဲအမှတ်(၅၈၁)မှ အတွဲအမှတ်(၇၀၀)အထိ ပုလဲအတွဲပေါင်း(၁၂၀)တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဩဂုတ် (၁၂) ရက်မှ (၁၅)ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here