မုံရွာမြို့နယ်တွင် မိုးသီးနှံ ပဲမျိုးစုံ လျာထားချက်၏ (၃)ပုံ(၂)ပုံစိုက်ပျိုးပြီး

0
88

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် မိုးသီးနှံပဲမျိုးစုံစိုက်ပျိုးမှု လျာထားချက်၏ (၃)ပုံ (၂)ပုံ စိုက်ပျိုးပြီးထားကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ် ဦးစီးမှုးဦးစိုးသက်အောင်ထံမှသိရသည်။

မုံရွာမြို့နယ်တွင် မိုးသီးနှံပဲမျိုးစုံဧက (၃၃၃၅၀) စိုက်ပျိုးရန်လျာထားပြီး မေလမှစတင် စိုက်ပျိုးရာ (၃)လအတွင်းဧက (၂၃၀၀၀) နီးပါးစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ပဲမျိုးစုံလျာထားဧက ပြည့်မီဖို့ စိုက်ပျိုးနေပါတယ်။ ပဲမျိုးစုံတိုးချဲ့စိုက်ကြဖို့နဲ့ အထွက်နှုန်းကောင်းမျိုးကောင်းမျိုးသန့်တွေ သုံးကြဖို့ တောင်သူတွေကို ဌာနအနေနဲ့ ပညာပေးနေပါတယ်”ဟု ဦးစိုးသက်အောင်က ပြောသည်။

မုံရွာမြို့နယ်တွင် ပဲစဉ်းငုံကို ဧက (၁၂၀၀၀)ကျော်အများဆုံးစိုက်ပျိုးခြင်းဖြစ်ပြီး ပဲတီစိမ်းဧက (၉၅၀၀) ကျော်၊ မတ်ပဲဧက (၆၅၀) နှင့် စွန်တာပြာဧက (၄၀၀) စိုက်ပျိုးထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here