ရန်ကုန်ရှိ မြို့နယ်အချို့တွင် အကြောင်းအမျိုးမျိုးဖြင့် ယာယီနေရပ်စွန့်ခွာလာသူများ၏ စာရင်း ကောက်ယူနေ

0
338

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အကြောင်းအမျိုးမျိုးဖြင့် ယာယီနေရပ်စွန့်ခွာလာသူများ၏ စာရင်းကို ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့စာရင်းကောက်ယူမှုကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ယနေ့ ဩဂုတ်လ (၁၅) ရက် နံနက်ပိုင်းက ကောက်ယူခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(တောင်)ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ယာယီ နေရပ်စွန့်ခွာလာသူများအား စာရင်း‌‌ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ရာ ယာယီနေရပ်စွန့်ခွာလာသူ အိမ်ထောင်စု (၇)စု၊ ကျား (၈)ဦး၊ မ(၁၂)ဦး စာရင်းကောက်ယူရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်‌ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here