ကာ့စ်ဒေသမှ နောက်ထပ် လူထောင်နှင့်ချီ၍ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမည်

0
386

ယူကရိန်းတပ်များ က နယ်စပ် ပြည်နယ်အတွင်း ဆက်လက်ရှေ့တိုးလာသဖြင့် Glushkov ခရိုင်တွင် နေထိုင်သူများကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းကယ်ထုတ်ရန် ရုရှား၏ ကာ့စ်ပြည်နယ် အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်ဟု အဆိုပါပြည်နယ်၏ ခေတ္တအုပ်ချုပ်ရေးမှူး အလက်ဇီ ဆမ်မီနော့ဗ်က ပြောသည်။

လူဦးရေ ၂၀,၀၀၀ ခန့်နေထိုင်ရာ Glushkov ခရိုင်သည် ယူကရိန်းနှင့်တိုနယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေပြီး နေရပ်ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်အတွက် ရဲတပ်ဖွဲ့နှင့် ပြည်နယ်ရှိ အခြားဌာနဆိုင်ရာအဖွဲ့အစည်းများက ပူေးပါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဆမ်မီနော့ဗ်က တယ်လီဂရမ်တွင် ပြောဆိုခဲ့သည်။

၎င်းတို့၏ နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုကို စတင်ခဲ့သည့်နေ့မှစကာ ယခုအချိန်အထိ ကာ့စ်ဒေသအတွင်းပိုင်းသို့ ၂ ကီလိုမီတာခန့် ရေ့တိုးထားနိုင်ကြောင်းနှင့် ၎င်းတို့တပ်များသည် ရုရှားနယ်စပ်မြို့ Sudzha ရှိ မော်စကိုတပ်များကို အပြီးတိုင် ရှင်းလင်းဖယ်ရှားခဲ့ကြောင်း ယမန်နေ့(သြဂုတ် ၁၄) တွင် ယူကရိန်းက ပြောဆိုသည်။

တိုက်ပွဲများ စဖြစ်ခဲ့ချိန်မှ လက်ရှိအထိ လူ ၂၀၀,၀၀၀ နီးပါး ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများက ပြောဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ယူကရိန်းက ရုရှားနယ်မြေအတွင်း ရုတ်တရက် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရုရှားကို အံ့အားသင့်စေခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စတုရန်း ကီလိုမီတာ ၁,၀၀၀ ခန့်ရှိပြီဆိုသော သိမ်းပိုက်ထားသည့် နယ်မြေတွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများနှင့် လိုအပ်ပါက စစ်ရေးကွပ်ကွဲမှုရုံးများကို ထူထောင်ရန်အတွက် ထိပ်တန်းအရာရှိများနှင့် ၎င်းကတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောဆိုခဲ့သည်။

Ref: RTE


LEAVE A REPLY

Please enter your comment!
Please enter your name here