မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်မှ ရှယ်ယာများစတင်ရောင်းချ

0
312

အများပိုင်ကုမ္ပဏီများအနေဖြင့် အရင်းအနှီးဈေးကွက်မှတဆင့် အရင်းအနှီးရယူ စုစည်းနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် မူလရှိပြီး စာရင်းဝင်ဈေးကွက်အပြင် နိုင်ငံတကာ စတော့အိတ်ချိန်းများကဲ့သို့ ဒုတိယဈေးကွက်အဖြစ် စာရင်းဝင်အကြိုဈေးကွက် (Pre – listing Board- PL B) ကို တည်ထောင်ထားရှိသည်။

ယခုအခါ ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် (Pr e–Listing Board – PLB) တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင် ကုမ္ပဏီအဖြစ် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (Myanma Agricultural and General Development Public Co., Ltd – MAGDPL)သည် သတ်မှတ်အရည်အချင်းများ ပြည့်မီမှုကြောင့် ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်း ဝင်လိုသော်လည်း Main Board အတွက် သတ်မှတ်ထားသည့် စာရင်းဝင်စံသတ်မှတ်ချက်များ မပြည့်မီသေးသဖြင့် ဝင်ခွင့်မရသေးသော အများပိုင်ကုမ္ပဏီများအတွက် ရန်ကုန်စတော့ အိတ်ချိန်း၏ ဒုတိယဈေးကွက် Second Board အဖြစ် တည်ထောင်ထားသော အကြိုစာရင်းဝင်ဈေးကွက် (Pre- listing Board-PLB)တွင် ဝင်ရောက်နိုင်ကြောင်း ပြောကြားသည်။

PLB တွင် အတွေ့အကြုံများရယူပြီးမှ မူလဈေးကွက် (Main Board) ကို ဝင်ရောက်စာရင်းဝင်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် စာရ င်းဝင်ကုမ္ပဏီများ ပိုမိုတိုးတက်လာပြီး ရင်းနှီးမြှု ပ်နှံမှုအခွင့်အလမ်းများ ပိုမိုလာမည်ဖြစ်ကြောင်း၊ ဒုတိယဈေးကွက်ဖြစ်သော အကြိုစာရင်းဝင်ဈေးကွက် (Pre- Lis ting Board – PLB)တွင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အ ထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (Myanma Agricultural and General Development Pu blic Co., Ltd – MAGDPL)အား ပထမဆုံး မှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီအဖြစ် စတင်လက်ခံသည့် အထိမ်းအမှတ်အ ခမ်းအနားနှင့်အတူ အစုရှယ်ယာများကို ပထမဆုံး စတင် အ ရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here