မြောင်မြို့နယ်တွင် မိုးသီးနှံဟင်းသီးဟင်းရွက်မျိုးစုံကို GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်

0
90

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် မိုးသီးနှံ ဟင်းသီးဟင်းရွက်မျိုးစုံကို GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြောင်မြို့နယ်တွင် GAP စနစ်ဖြင့် မုန်ညင်း၊ ငရုတ်၊ နံနံ၊အာလူး၊ ခရမ်းချဉ်၊ ခရမ်း၊ မုန်လာထုပ်စသည့် သီးနှံဧက ၄၀၀၀ ကျော်စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေကြောင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုးဒေါ်သီတာလွင်ထံမှသိရသည်။

“စိုက်တဲ့ဟင်းသီးဟင်းရွက်အားလုံးကို GAP စနစ်နဲ့ စိုက်ပျိုးနိုင်ဖို့ တောင်သူတွေကို နည်းပညာပေးနေပါတယ်။ စိုက်တဲ့ဟင်းသီးဟင်းရွက်တွေမှာ ဓာတုဓာတ်ကြွင်းအနည်းဆုံးဖြစ်အောင်၊ ကျန်းမာရေးနဲ့ ကိုက်ညီအောင် စိုက်ပျိုးဖို့တောင်သူတွေကိုနည်းပညာပေးတာပါ”ဟု ဒေါ်သီတာလွင်က ပြောသည်။

မြောင်မြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံစုံဧက ၄၃၀၀ ကျော်စိုက်ပျိုးရန် လျာထားပြီး ယခုနှစ်မေလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အချိန်ထိ ၁၁၉၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here