ကျောက်ဆည်မြို့နယ်တွင် နေအိမ်ခြံဝင်း တစ်ခုအတွင်းမှ ငွေကျပ် (၂၉၃၄) သိန်း တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

0
189

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေအိမ်ခြံဝင်း တစ်ခုအတွင်း သိုဝှက်သိမ်းဆည်းထားသည့် ငွေကျပ် (၂၉၃၄) သိန်း တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းကျေးရွာရှိ ကျော်စွာလင်း(ခ)ဂွကြီး၏ နေအိမ်ခြံဝင်းအား သြဂုတ် (၁၃) ရက်၊ နေ့လယ် (၃)နာရီခွဲအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ခြံဝင်းအတွင်းမှ CAUSTIC SODA ၆၀၀၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၇၀၀)၊ CITRIC ACID MONOHYDRATE ၄၅၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၄ သိန်း)နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ ဓာတုပစ္စည်းများ လာရောက်ပို့ဆောင်သူ သိန်းဝင်းအား သြဂုတ် (၁၄) ရက်၊ နေ့လယ် (၃)နာရီအချိန် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)တွင် လက်ကိုင်ဖုန်း (၂) လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျော်စွာလင်း(ခ)ဂွကြီး (၃၀)နှစ် နှင့် သိန်းဝင်း(၅၄)နှစ်တို့အား ကျောက်ဆည်မြို့မ ရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here