ကာ့စ်ဒေသ၌ တပ်များရှေ့တိုးလာနိုင်ခြေရှိနေဟု ရုရှားရောယူကရိန်းပါပြောကြား

0
271

ကိဗ်၊ဩဂုတ် ၁၆

ယူကရိန်းသည် ပြီးခဲ့သည့်အပတ်ကစ၍ ရုရှားပိုင်နက်သို့ ရုတ်တရက်ဝင်ရောက်ထိုးစစ်ဆင်ခဲ့ရာ အောင်မြင်မှုများရရှိနေပြီး ရှေ့ဆက်တိုးလာနိုင်ကြောင်း ပြောကြားခဲ့သလို ရုရှားကလည်း ၎င်းတို့အနေဖြင့် ယူကရိန်း၏အလစ်တိုက်ခိုက်မှုကြောင့်ဆုံးရှုံးလိုက်ရသည့် နယ်မြေများအား ပြန်သိမ်းယူနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

“လက်ရှိအချိန်အထိ ကျွန်တော်တို့ ၁,၁၅၀ စတုရန်းကီလိုမီတာလောက်နဲ့ ကျေးရွာ ၈၂ ခုကိုသိမ်းထားနိုင်ပါတယ်” ဟု ယူကရိန်း၏ထိပ်တန်း တပ်မှူးတစ်ဦးကပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ဩဂုတ်လ ၆ ရက်နေ့က ရုရှားပိုင်နက်အတွင်း ရုတ်တရက်ထိုးစစ်ဝင်လုပ်ခဲ့ကြခြင်းဖြစ်ကာ ရုရှား – ယူကရိန်းအရေး နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တန်ပြန်ထိုးစစ်ကိုထိထိမိမိလုပ်ဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါထိုးစစ်ကြောင့် ယင်းဒေသနားနေထိုင်သူဒေသခံပေါင်း ၁၂၀,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ရုရှားဘက်မှထုတ်ပြန်ကြေငြာခဲ့ပြီး ‌ေ-သဆုံးသူ ၁၂ ဦးရှိကာ ၁၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ကမူ ယူကရိန်းသိမ်းလိုက်သည့် ရွာများအနက် တစ်ရွာအား ပြန်သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း ရုရှားဘက်မှထုတ်ပြန်ကြေငြာခဲ့ပြီး ရန်သူကိုတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်းလည်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here