ပါကစ္စတန်၌ မျောက်ကျောက် လူနာသုံးဦးတွေ့

0
263

ပါကစ္စတန်၊ဩဂုတ် ၁၆

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ခါဘန်ပက်ကတွန်ခွါ၌ မျောက်ကျောက်(mpox) ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ရောဂါဝေဒနာရှင် သုံးဦးကို တွေ့ရှိခဲ့ရကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါလူနာသုံးဦးလုံးသည် အာရပ်စော်ဘွားများပြည်ထောင်စုမှ ဝင်ရောက်လာသူခရီးသွားများဖြစ်ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါ mpox ရောဂါအား မကြာသေးမီကပင် ကမ္ဘာလုံးဆိုင်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကြေငြာခဲ့သည်။

ပါကစ္စတန်၌ ယခင်က မျောက်ကျောက်ဟုလည်း ခေါ်သော mpox ရောဂါဖြစ်ပွားခဲ့ဖူးပြီး ယခုတွေ့ရှိရသောလူနာများတွင် mpox မျိုးကွဲများအနက် မည်သည့်အမျိုးအစားတွေ့ရှိခဲ့သည်ကို ချက်ချင်းမသိရသေးကြောင်းလည်းကျန်းမာရေးအာဏာပိုင်များကဆိုသည်။

ဝင်ရောက်လာသူသုံးဦးအနက် လူနာနှစ်ဦးတွင် mpox ရှိသည်ဟု အတည်ပြုနိုင်ခဲ့ကြောင်း ခါဘန်ပက်ကတွန်ခွါ၏ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် Salim Khan ကပြောကြားခဲ့သည်။

တတိယလူနာတစ်ဦး၏ စစ်ဆေးရန်နမူနာများကိုမူ အတည်ပြုရန်အတွက် မြို့တော်အစ္စလာမာဘတ်ရှိ န်ုင်ငံတော်ကျန်းမာရေးဌာနသို့ပေးပို့ထားပြီး လူနာသုံးဦးစလုံးကို သီးခြားခွဲထားထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ mpox ရောဂါသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ကွန်ဂိုနိုင်ငံ၌စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ကလေးများ၌ အများဆုံးဖြစ်လေ့ရှိကာ ယနေ့အထိ လူပေါင်း ၂၇,၀၀၀ အထိကူးစက်ခံထားရကြောင်းသိရသည်။ထို့ပြင်ကွန်ဂို၌ mpox ဖြင့်‌ေ-သဆုံးသူ ၁,၁၀၀ ကျော်အထိရှိလာပြီလည်းဖြစ်သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here