ချင်းမိုင် – ဘန်ကောက် ရထားပေါ်၌ မြန်မာအလုပ်သမား(၃၅)ဦး ဖမ်းခံရ

0
157

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှ ဘန်ကောက်သို့ သွားမည့် ရထားပေါ်၌ မြန်မာအလုပ်သမား (၃၅) ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

အဖ-မ်းခံရသည့် မြန်မာလုပ်သား (၃၅) ဦးသည် အမျိုးသား (၁၅) ဦး၊ အမျိုးသမီး (၁၇)ဦးတို့ဖြစ်ပြီး အသက်မပြည့်သေးသည့် က–လေ–း (၃)ဦး ပါဝင်ကြောင်း သိရသည်။

၄င်းတို့ကို ချင်းမိုင်မြို့မှ ထွက်လာသည့် အမြန်ရထား လိုင်းအမှတ် (၁၀၂) ပေါ်၌ ရွှေ့ပြောင်းအလုပ်သမားများ ပါလာကြောင်း သတင်းပေးပို့မှုကြောင့် စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးခံထားသူများကို ဒေသရဲစခန်း၌ တရားဥပဒေအရ အရေးယူသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်းတွင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား ဖမ်းဆီးရေး ရက် (၁၂၀)စီမံချက်ဖြင့် အာဏာပိုင်များက လိုက်လံဖမ်းဆီးနေကာ ဇွန်လ (၅) ရက်မှ သြဂုတ် (၁) ရက်အထိ နှစ်လအတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော် (၁၂၁,၂၈၅) စစ်ဆေးခံခဲ့ရပြီး (၇၂၄) ဦး အရေးယူခံထားရကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဌာနက သြဂုတ်လ (၃) ရက်၌ ထုတ်ပြန်ထားသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here