ဘင်္ဂလားပင်လယ်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနှင့် ပြည်နယ်အနှံ့ မိုးရွာဦးမည်

0
514

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပြီး အဆိုပါ ‌ေလဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အနှံ မိုးရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ ဩဂုတ် (၁၆) ရက်၊ နေ့လယ် (၁၂)နာရီအချိန်တွင် ထုတ်ပြန်အသိ‌ပေးထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ နောက် (၃) ရက်အတွင်း အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေနှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု မိုး/ဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်လည်း မုတ်သုံလေအား အသင့်အတင့်ရှိနေရာ မနက်ဖြန်နံနက်အထိ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုး/ဇလမှ အသိပေးထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်။

နောက်(၂)ရက်အတွင်း ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်သည်။

နေပြည်တော်နှင့် မန္တလေး အနီးတဝိုက်တွင် မနက်ဖြန် နံနက်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်နှင့် ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် မိုးအသင့်အ တင့် ထစ်ချုန်းရွာနိုင်ကာ တစ်ခါတစ်ရံ မိုးသည်းထန်နိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်အသိ ပေးချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here